ဤ " သောတာပန်ဆုပန် ချမ်းသာမှုစံ " စာအုပ်သည် ကျွန်တော့်ဘဝ
ဖြတ်သန်းခဲ့ရသမျှ၊ ကျွန်တော် လေ့လာဆည်းပူးခဲ့ရသမျှ
လိုက်နာကျင့်ကြံနိုင်သမျှ၊ လိုက်နာ ကျင့်ကြံဆဲ မှန်သမျှ . . . အစရှိသည်တို့ဖြင့် ပေါင်းစပ်ပြီး အကြံဥာဏ်ပေး ရေးသားထားခြင်း
ဖြစ်ပါသည်။ ကျွန်တော် လူမှန်းသိတတ်စ ကလေးဘ၀က အရင်းနှီးဆုံး
မွေးကျွေးမိခင်နှင့် မရင်းနှီးဆုံး ဖခင်တို့၏
ကြီးမားသောကွာခြားချက်မှစတင်ကာ လူ့ဘ၀ကလည်း ဘယ်လိုကြီးပါလိမ့်....ဟူ၍
အမြဲတမ်းစူးစမ်းခဲ့မိ၏။ ကျွန်တော် (၁၅)နှစ်သား လူငယ်လူရွယ်
စတင်ဖြစ်လာချိန်မှစကာ ပုထုဇဉ်ဆိုတာ ဒီလိုပါလား ဟူ၍ နားလည်သဘောပေါက်စ
ပြုလာ၏။ ထို့ကြောင့် ပုထုဇဉ်မှကျော်လွန်သည့် သောတာပန်ဆိုတာ
ဘယ်လောက်မြင့်မြတ်ပါသလဲ သိချင်လာရာမှစကာ ကျွန်တော့ဘ၀ လူဖြစ်ကျိုးနပ်ရန်
ခြေလှမ်းစတင်လိုက်တော့တာပါပဲ။
ထိုအချိန်က မွေးဖွားပေါ်ပေါက်လာသည့်အသိစိတ်မှစတင်ကာ ယခု အသက် (၅၀)အနီး
ချဉ်းနင်းဝင်ရောက်လာချိန်အထိ ဘ၀အတွေ့အကြုံ အသိပညာရှိသမျှတို့ကို
(၆)ကြိမ်မက ပြင်ဆင်ဖြည့်စွက် ရေးသားလာခဲ့တာ (၂)နှစ်တာခန့်
ကြာသွားခဲ့ပါသည်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသောဆန္ဒ လုံးဝမရှိပါ။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ကို သောတာပန်ဆု ပန်စေလိုသော စိတ်စေတနာ အပြည့်အဝ
ရှိခဲ့သည်ကား အမှန်ပင်ဖြစ်ပါသည်။ စာရှုသူအပေါင်း ဒုက္ခဆင်းရဲတွေ
ကင်းဝေးချုပ်ငြိမ်းပြီး ချမ်းသာမှုအပေါင်း ခညောင်းကာ
မဟာသောတာပန်ကြီးများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ
ပို့သပါသည်ခင်ဗျား....။
မာတိကာ
၁။
၂။
၃။
၎။
၅။
၆။
၇။
၈။
၉။
၁၀။
၁၁။
၁၂။
၁၃။
၁၄။
၁၅။
၁၆။
၁၇။
၁၈။
၁၉။
၂၀။
၂၁။
၂၂။
၂၃။
၂၄။
၂၅။
၂၆။
၂၇။
၂၈။
၂၉။
၃၀။
၃၁။
၃၂။
၃၃။
၃၄။
၃၅။
၃၆။
၃၇။
၃၈။
၃၉။
၄၀။
၄၁။
၄၂။
၄၃။
၄၄။
၄၅။
၄၆။
၄၇။
၄၈။
၄၉။
၅၀။
၅၁။
၅၂။
၅၃။
၅၄။ |
လူဖြစ်လာလျှင်
လမ်းဆုံလမ်းခွ ရောက်နေပြီ
ဆုတောင်းမှန်ဖို့ လိုသည်
ဗုဒ္ဓဘာသာဝင်တိုင်း နိဗ္ဗာန်ဆုကို တောင်းကြသည်။ သို့သော်
ချမ်းသာမှုအစစ်ကို ရှာဖွေသော်
လု လူ လူး
အတ္တဟိတမှ ပရဟိတသို့
လူတွေထက် တိရစ္ဆာန်တွေက အဆပေါင်း ကုဋေမကများ
လူသည် တိရစ္ဆာန်ထက် အသိဥာဏ်
ဖြင့်သော်လည်း
လူတွေက တိရစ္ဆာန်တွေထက် အဆင့်မြင့်လိုပါလျှင်
ဆုတ်ကပ်ကြီးမှာ နောက်ဘ၀ ပုထုဇဉ် ပြန်ပြီးဖြစ်ရရင် ရှုံးပြီ
ပကတိသာဝက ဖြစ်ဖို့ ပါရမီပြည့်ရန် အချိန်တန်ပြီ
သောတာပန်ဖြစ်မှ လူဖြစ်ကျိုးနပ်မည်
သောတာပန်ဆု ပန်ရုံဖြင့် လောကီကိစ္စတွေ အောင်မြင်မည်
ကျွန်တော့်အတွက် သောတာပန် တွန်းအား
သောတာပန်ဖြစ်လျှင် ကံတွေ ကောင်းကောင်းလာ၏
လူပုဂ္ဂိုလ်သောတာပန်တွေ များတဲ့ခေတ် ရောက်လာပြန်ပြီ
သောတာပန်ဖြစ်လျှင် ဒုက္ခမျိုးစုံကို ကျော်လွှားနိုင်သည်
သောတာပန်ဖြစ်လျှင် ဘာကြောင့် ချမ်းသာမှာလဲ
နိဗ္ဗာန်အကြောင်းကို အနည်းငယ် နားလည်ဖို့ လိုပါသည်
သောတာပန်ဖြစ်ရန် အကျဉ်းချုပ်
ကမ္မဋ္ဌာန်းနည်း (၄၀) အကျဉ်း
ဗုဒ္ဓမြတ်စွာဘုရား ဂုဏ်တော်၏(၉)ပါး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဂုဏ်တော်(၉)ပါးမှ ကျောင်းသားနှင့် စီးပွားရှာသူများအကျိုးသက်ရောက်ပုံအမျိုးမျိုး
ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများရခြင်းအကျိုး
သမ္ဗုဒ္ဓေဂါထာထက် နှစ်ကျိပ်ရှစ်ဆူ
ဂင်္ဂါမြစ်မှ သဲစုမက ဘုရားရှင်ပေါင်း
တရားဂုဏ်တော် (၆)ပါး
ပဋ္ဌာန်း (၂၄)ပစ္စည်း၏ အကျိုးဖြစ်ထွန်းပုံ
ရောင်ခြည်တော်၏ စွမ်းအား
သံဃာ့ဂုဏ်တော် (၉)ပါး
သံဃာတော်၏ စွမ်းရည်
ဗုဒ္ဓသာသနာ ၀န်ဆောင်မှုမှာ ထူးခြားတဲ့ခေတ် ရောက်နေပြီ
မဂ္ဂင် (၈)ပါး
ငါးပါးသီလကို စောင့်ထိန်းခြင်းကြောင့်
ပါဏာတိပါတကံမှ ရှောင်ကြဉ်ခြင်း
အာဒိန္နာဒါနကံမှ ရှောင်ကြဉ်ခြင်း
ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်ခြင်း
မုသာဝါဒကံမှ ရှောင်ကြဉ်ခြင်း
သုရာမေရယကံမှ ရှောင်ကြဉ်ခြင်း
မဟာဒါန ဟူသော သီလ
မဟာဒါန သီလ အကျိုးဆက်
ကမ်းမြင် လမ်းမြင်
ဆုံးဖြတ်ချက်ချရန် အချိန်တန်ပြီ
သောတာပန်ဆု တောင်းမှ ကျင့်မှ ရမည်
သောတာပန်ဖြစ်ကြောင်း (၄)ပါး
သာသနာ လုံးဝ မကွယ်
လူထက် နတ်ဗြဟ္မာတို့က ပို၍ ကျွတ်တမ်းဝင်
ယခု လူ့ပြည်မှာကတည်းက အနိမ့်ဆုံး စူဠသောတာပန်ဖြစ်မှ
သောတာပန်ဆု ပန်တော့မည် ဆိုပါလျှင်
ဒီဘ၀မှာပဲ ရပါမည်
ခိုင်မြဲ
သန္တိသုခ
ကျွန်ုပ် သေပျော်ပြီ
မှီငြမ်းကျမ်းများ |
၉
၁၁
၁၂
၁၅
၁၆
၁၉
၂၁
၂၄
၃၃
၃၆
၄၂
၄၄
၄၉
၅၂
၆၂
၆၆
၇၀
၇၄
၇၉
၉၀
၉၂
၁၀၁
၁၀၂
၁၀၆
၁၁၀
၁၁၅
၁၁၈
၁၁၉
၁၂၄
၁၂၇
၁၂၉
၁၃၆
၁၃၈
၁၅၃
၁၅၇
၁၆၁
၁၆၂
၁၆၄
၁၆၅
၁၆၇
၁၆၈
၁၆၉
၁၇၁
၁၇၃
၁၇၄
၁၇၅
၁၇၆
၁၇၇
၁၇၈
၁၈၀
၁၈၀
၁၈၀
၁၈၂
၁၈၃ |
လု လူ လူး
ဗုဒ္ဓက လူဖြစ်ဖို့
အလွန်ခဲယဉ်းကြောင်း ဟောထား၏။ သို့သော်
ကမ္ဘာမှာ လူဦးရေတွေ
တိုးပွားနေ၏။ ဘုရားဟောနှင့်မညီဟု တချို့ ထင်မြင်နေကြ၏။ လူဦးရေ
သန်း (၅၀၀၀)မှ ယခု သန်း (၆၀၀၀) ကျော်နေပေပြီ။ နောက်ထပ်
ထပ်မံတိုးပွားဦးမည်။ ထပ်ထပ်တိုးနေကြတာ တန်းဝင်သည့် လူကနည်းနည်း၊
တန်းမ၀င်သည့် လူတွေက များများဖြစ်နေ၏။ အတွေး အခေါ်မှန်ကန်သည့်
သမ္မာဒိဋ္ဌိ အယူရှိသူက နည်းလွန်း၏။
မိစ္ဆာဒိဋ္ဌိ အယူသီးသူတွေ အဆမတန်
များလွန်း၏။ တချို့မှာ ဗုဒ္ဓဘာသာ အမည်ခံဖြစ်နေကြ၏။
သီလကိုစောင့်ထိန်းဖို့ ခက်ခဲနေကြ၏။ တစ်နေ့လုပ် တစ်နေ့စားဖြင့်
ဝဲထဲမှာ နစ်နေကြရရှာ၏။ ဆင်းရဲတွင်းထဲမှာ (သို့မဟုတ်) မိစ္ဆာဒိဋ္ဌိ
အယူသီးမှုထဲမှာ လူးနေရင်းဖြင့် လူ့သက်တမ်း ကုန်သွားကြသူများက
ပိုများ၏။ လူဖြစ်ကျိုး မနပ်လိုက်ရသူတွေက ပိုများနေ၏။
မြတ်စွာဘုရားရှင်သည် ထိုသို့ လူးနေရသူများကို လူအရေအတွက်ထဲမှာ
မထည့်ပေ။
နောက်တစ်စုက လုနေကြရ၏။ စီးပွားရေး အဆင်ပြေပါသည်ဆိုသော
သူဌေးပဂေးကြီးများ (တချို့)မှာ မတင်းတိမ် မရောင့်ရဲနိုင်ဘဲ
စီးပွားရေး ငွေကြေးဓနကို အချိန်လုပြီး လုနေကြရ၏။ လုနေရင်းဖြင့်ပင်
သေဆုံးသွားသူ သူဌေးပဂေးတွေ ဒုနဲ့ဒေးပါ။ ပညာမပါသော (စေတနာ မမှန်သော၊
သမ္မာဒဋ္ဌိ မဖြစ်သော) ဒါနကို ပြုကောင်းပြုကြ၏။ ညောင်ပင်လောက်လှူပြီး
ညောင်စေ့လောက်တောင် မရကြသည့် (သီလမစင်ကြယ်သည့်) အလှူဒါနများသာ
ပြုသွားကြရ၏။ သီလဘာဝနာဘက်ကို အချိန်မပေးနိုင်ဘဲ ဘ၀မှာ
ပြီးဆုံးသွားကြရ၏။
ပါယာသိမြို့စားမင်း ၀တ္ထုကို ဥပမာပြုပါမည်။ ၎င်းမြို့စားမင်းသည်
ပျက်စီးလုနီးပါးဖြစ်နေသည့် ဆန်၊ ပဲ၊ အ၀တ်စသည်တို့ကိုသာ
ရဟန်းတို့အား လှူဒါန်းရန် စီစဉ်ခဲ့၏။ ထိုအလှူ အတွက်
ဝိုင်းဝန်းလုပ်ကိုင်ပေးရသည့် ဥတ္တရ လုလင်နှင့်အဖွဲ့ကတော့
ပျက်လုပျက်ဆဲ ပစ္စည်းများမှ အကောင်းများကို စိတ်ရှည်သည်းခံ၍
ရွေးချယ်ပေးကြရ၏။ နိဂုံးချုပ်လိုက်သော် ပါယာသိမြို့စားမင်းသေသောအခါ
လှေကားစောင့် နတ်ငယ်တစ်ပါး ဖြစ်သွား၏။ ပစ္စည်းကောင်းတွေရအောင်
စေတနာဖြင့် ကိုယ်တိုင်ရွေးပေးပြီး လှူဒါန်းကြသော ဥတ္တရ
လုလင်နှင့်အဖွဲ့သားများကတော့ သေလွန်သောအခါ
ဗိမာန်ရှင်နတ်သားကြီးများ ဖြစ်ကြရ၏။ ထိုဝတ္ထုကို သုံးသပ်ရသော်
အလှူပစ္စည်း ပိုင်ဆိုင်မှု အနည်းအများက အဓိကမဟုတ်၊ ကိုယ်အား၊
ဥာဏ်အား၊ စိတ်စေတနာတို့ကသာ အဓိကအရင်းခံဖြစ်ကြောင်း နားလည်ရပေမည်။
လုနဲ့ လူးကြားမှာ "လူ"
အနည်းစုသာရှိ၏။ သီလစင်ကြယ်စွာဖြင့် စီးပွားဖြစ်ကာ ဒါန၊ သီလ၊
ဘာဝနာကို ဦးလှည့်နိုင်သော သူဌေးပဂေးများလည်း ရှိကြပါသည်။
စီးပွားရေး လောဘဇောမတိုက်ဘဲ ပုံမှန်ရှာရသမျှ အကျိုးစီးပွားမှ
အလှူဒါန၊ သီလ၊ ဘာဝနာဘက်သို့ လွှဲပြောင်း နိုင်၏။ အချိန်ပေးနိုင်၏။
လူဖြစ်ကျိုးနပ်သူများသည် သန်း(၆၀၀၀)ကျော်အနက် (၀.၀...၁%) သာ
ရှိမည်။ အလွန်နည်းပါးသော ရာခိုင်နှုန်းထဲမှာ
(လူဖြစ်ကျိုးနပ်သူများထဲမှာ) မိမိပါဝင်ဖို့ လိုနေသည်။ တချို့လူတွေက
နတ်ဘုံကို မျှော်ကိုးကြ၏။ တစ်ဖန် နတ်တွေကလည်း စုတေတော့မည်
(သေတော့မည်)ဆိုလျှင် သုဂတိဘုံကိုသာ အထင်ကြီးလေးစားကြ၏။ နတ်တို့
အထင်ကြီး လေးစား ကြသော သုဂတိဘုံကား လူ့ဘုံပင်ဖြစ်၏။
ရိုးရိုးလူဘုံတော့ မဟုတ်ပေ။ နတ်တို့က ဤသို့ သုံးသပ်ကြ၏။ (၁)
လူ့ဘုံသည် ကောင်းမှုကုသိုလ်ပြုနိုင်ခြင်း၊ (၂) ရဟန်း၊
သံဃာများရှိခြင်း၊ (၃) ဗုဒ္ဓသာသနာတော် ထွန်းကားရာ
(ဘုရားပွင့်တော်မူရာ)ဖြစ်ခြင်း၊ (၄) လူ၊ နတ်၊
နိဗ္ဗာန်ချမ်းသာတို့ကို ပေးစွမ်းနိုင်စွမ်း ရှိခြင်းတို့ကြောင့်
ထိုကဲ့သို့သောလူ့ဘုံကိုသာ သုဂတိဘုံဟု သတ်မှတ်ကြ၏။
ထိုအချက်တို့ကို ကြည့်ခြင်းအားဖြင့် ရိုးရိုးလူဖြစ်နေရသူ
(သို့မဟုတ်) လုနေရသည့်သူ၊ လူးနေရသည့် သူတို့ကတော့ အဆင့်မြင့်သည့်
သုဂတိဘုံ မဖြစ်နိုင်။ မြတ်စွာဘုရား သက်တော် ထင်ရှား
မရှိတော့သော်လည်း မြတ်စွာဘုရားကိုယ်စား ဓာတ်တော်၊ မွေတော်၊
တရားတော်များ ထွန်းကားနေခြင်း၊ မြတ်စွာဘုရားသားတော်
သံဃာတော်များအား ကိုးကွယ် ဆည်းကပ်နိုင်ခြင်း၊ ကောင်းမှုကုသိုလ်များ
ပြုနိုင်ခြင်း၊ နိဗ္ဗာန်ချမ်းသာကို ဦးတည်နိုင်အောင်
ကျင့်ကြံနိုင်ခြင်း စသည်တို့ကို ပြုမူနိုင်မှသာ နတ်တို့ အထင်ကြီး
အားကျသည့် "လူ" စစ်စစ် ဖြစ်ပေမည်။ သံယုတ်နိကာယ်တွင်
နတ်တို့၏ဘုရင်ဖြစ်သော သိကြားမင်းသည် လူသူတော်ကောင်းတို့အား နေ့စဉ်
ရှိခိုးကြောင်း မြတ်စွာဘုရားက ဟောကြားတော်မူခဲ့၏။ တချို့လူတွေက
နတ်တွေ၏ဘုရင် သိကြားမင်းကို အထင်ကြီးကြ၏။
အမှန်တကယ်တော့
ကျွန်တော်တို့ လူပုဂ္ဂိုလ်တွေသည် (၅)ပါးသီလကိုလည်း ပြည့်စုံ၊
မိမိ၏သားမယား အိမ်ထောင်စု တာဝန်တွေကိုလည်း တရားနှင့်လျော်ညီအောင်
ထိန်းသိမ်းစောင့်ရှောက်၊ ကောင်းမှု ကုသိုလ်တွေ ကိုလည်း
ပြုမူဆောင်ရွက်မည်ဆိုလျှင် ၀တ်ကြောင်ဥပါသကာများပင် ဖြစ်ကြ၏။
မိမိတို့သည် ဥပါသကာအဆင့်သာရှိပါလျှင် နတ်တို့၏ဘုရင် သိကြားမင်းက
နေ့စဉ် ရှိခိုးခံရသည့်လူများ ဖြစ်နေကြပေမည်။ မိမိဘက်ကသာ ဥပါသကာ၊
ဥပါသကာ တန်းဝင်ပါက အခက်အခဲတွေ့လျှင် နတ်၊ သိကြားတွေကို
ရှိခိုးပူဇော်ပသပြီး ကူညီဖြေရှင်းပေးရန် တောင်းဆိုနေဖို့
မလိုအပ်တော့ပေ။ (ကံမြင့်ပါက လာပြီး ကူညီပါလိမ့်မည်။) ထို့ကြောင့်
လုနေရသူတွေထဲမှာ မိမိက ၀င်ရောက် မယှဉ်ပြိုင်သင့်ပေ။ လူးနေရတဲ့သူတွေထဲမှလည်း
ရုန်းထွက်နိုင်ရမည်။ ကဲ... ဓမ္မမိတ်ဆွေ! လုနေဦးမှာလား? လူးနေ ရသေးလား? အတ္တဟိတကိုပဲ ဦးစားပေးမလား?
ပရဟိတကိုပါ ပူးတွဲ ဆောင်ရွက် နိုင်ပြီလား?
၂၆။ ဂင်္ဂါမြစ်မှ သဲစုမက ဘုရားရှင်ပေါင်း
မြတ်စွာဘုရားရှင်သည် "လူတွေ (သတ္တ၀ါတွေ)၏ အတိတ်ဘ၀ပေါင်း
ဘယ်လောက်များခဲ့သလဲ" ဟောပြောရန် နားလည်နိုင်စွမ်း မရှိသောကြောင့်
မဟောခဲ့ပေ။ သို့သော် ပွင့်တော်မူပြီးခဲ့သော
ဘုရားရှင်ပေါင်းကိုတော့ဖြင့် မြင်သာထင်သာအောင် ဟောပြောတော်မူခဲ့၏။
မဇ္ဈိမဒေသ (အိန္ဒိယပြည်)မှာ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီး
(ခန့်မှန်း) (၁၁)နှစ်အကြာမှာ ဥရောပတိုက်၊ ဂရိပြည်၊ ဆာမော့ဒေသတွင်
သင်္ချာပညာ ရှင်ဖြစ်မည့် ပိုက်သာဂိုရပ် မွေးဖွားခဲ့၏။ ထိုအချိန်က
ဥရောပတိုက်မှ သင်္ချာပညာရှင်တို့သည် ကမ္ဘာကြီးအကြောင်း၊
စကြ၀ဠာအကြောင်း၊ လောကဓာတ်ပညာအကြောင်း၊ သင်္ချာပညာ အကြောင်း
အစပျိုးရုံသာ ရှိသေး၏။
ယခုခေတ်လို ဘီလျံ၊ ထရီလျံ၊ ကွာဒရီလျံ ........... စသည့်
အရေအတွက်တွေ မသိကြ (မဖော်ထုတ်နိုင်ကြ)သေးပေ။ ထို့အတူ အာရှတိုက်မှ
အိန္ဒိယပြည်၊ မဇ္ဈိမဒေသရှိ တိုင်းသူပြည်သားတို့ သည်လည်း အရေအတွက်
ကုဋေလောက်သာ သိနိုင်သေး၏။ သင်္ချာအရေအတွက် အသိဥာဏ်
နိမ့်နေသေးသော်လည်း မြတ်စွာဘုရားရှင်က ပရိသတ်ကို နားလည်လွယ်အောင်
ဟောပြောနိုင်စွမ်း ရှိခဲ့၏။ မြတ်စွာဘုရားရှင် တရားဟောသည့်
နေရာဒေသတွင် ဂင်္ဂါမြစ်ကြီးသည် အကြီးမားဆုံး အထင်ရှားဆုံး ရှိခဲ့၏။
မိုင်(၁၀၀၀)ခန့် ရှည်လျားသော ဂင်္ဂါမြစ်ကြီးထဲမှ
သဲပွင့်အရေအတွက်လောက်မက ဘုရားအဆူဆူ ပွင့်တော်မူပြီးခဲ့ကြောင်း
ဟောပြောခဲ့၏။ ထိုထိုဘုရားရှင်တို့နှင့် အသင်တို့
လွဲခဲ့ပြီးကြကြောင်း၊ ယခုငါဘုရားရှင်နှင့် တွေ့ခိုက်
ကျွတ်တမ်းဝင်ရင်ဝင်၊ မ၀င်ရင် ထပ်မံလွဲကြဦးမည် ဖြစ်ကြောင်း
ဟောတော်မူခဲ့၏။ ဘုရားရှင်ပေါင်း ဘယ်လောက်ထိ ပွင့်ခဲ့သလဲ
ဥာဏ်ရည်ဖြင့်သာ မြင်နိုင်မည်။ သင်္ချာပညာဖြင့် မတွက်နိုင်ခဲ့ကြပေ။
ယခင်ကသာ မတွက်နိုင်ခဲ့တာပါ။ ယခု အနီးစပ်ဆုံး တွက်ချက်ပြီး ကြည်ညို
ကြည့်ရအောင်။
ဂင်္ဂါမြစ်အရှည်မိုင်
၁၀၀၀ ၀န်းကျင် = 1609.31 m x 1000 မိုင် x 100cm
။ အကျယ် (ပျမ်းမျှ) = 1000 m x 100cm
။ သဲအထူ (ကမ်းနား၊ မြစ်လယ်) = 2m x 100 cm (ပါရာဗိုလာပုံစံဖြင့်
မယူတော့ပေ)။
(ကဲကုလနည်းဖြင့်တွက်လျှင် ရှုပ်ထွေးနိုင်သည့်အတွက်
အရိုးရှင်းဆုံးနည်းဖြင့်သာ တွက်ပြလိုပါသည်။)

ဂင်္ဂါမြစ်ထဲမှာ သဲပွင့်ပေါင်း ဘီလျံပေါင်း ကုဋေ ၈၀.၀၀၀ ခန့်ရှိ၏။
ထို့ကြောင့် ပွင့်တော်မူပြီးသော မြတ်စွာဘုရားရှင်ပေါင်းသည်
သန်းထောင်ပေါင်း ကုဋေရှစ်သောင်းကျော် (မက) ရှိခဲ့၏။
ကျွန်တော်တို့သည် ထိုထိုဘုရားရှင်အပေါင်း ပွင့်တော်မူခဲ့စဉ်က
ဘယ်ငရဲပြည်မှာ ချိုး(ဂျိုး)ကပ်နေကြသနည်း။ ဘယ်တိရစ္ဆာန်တွေ
ဖြစ်ခဲ့ကြသနည်း။ လူဖြစ်နေရင်တောင်မှ ဘုရားပွင့်တော်မူရာ
မဇ္ဈိမဒေသနှင့်ဝေးရာ (လက်လှမ်း၊ ခြေလှမ်းမမှီရာ)တို့မှာ
လူဖြစ်နေကြလို့ပေါ့။
နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓ၀င်ကို လေ့လာကြည့်လျှင်လည်း အများဆုံး
နှစ်ပေါင်း (၁)သိန်းတမ်းနှင့် (၉)သောင်းတမ်းတွေမှာ ဘုရားပွင့်ခဲ့တာ
များ၏။ ယခုဘဒ္ဒကမ္ဘာ အနီးအရောက်မှသာ (၈)သောင်း (၇)သောင်းနဲ့
လျော့သွားလိုက်တာ၊ (၁)သောင်းတမ်းမှာ ဂေါတမမြတ်စွာဘုရားရှင်
ပွင့်တော်မူရမှာဖြစ်သော်လည်း သက်တမ်း(၁၀၀)တမ်းရှိ လူတွေ
ကျွတ်တမ်းဝင်ပါစေတော့ဆိုပြီး စောင့်ခဲ့ရတာလို့
နားလည်သဘောပေါက်မိပါတယ်။ တစ်ဖန် ကျွန်တော်တို့တတွေလို သက်တမ်း
(၁၀၀)အောက်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ကျွတ်တမ်းဝင်စေချင်သေးလို့
သာသနာတော် (၅၀၀၀ မကဟု ယူဆရအောင်)ကို လျှော့ဈေးနဲ့
ထားခဲ့ပြန်သေးတယ်။ဂေါတမမြတ်စွာဘုရားရှင်က ဒီလောက်အထိ
ကျွတ်တမ်းဝင်စေချင်တာတောင်မှ ကျွန်တော်တို့တတွေ မကျွတ်လွတ်ကြဘူး
ဆိုရင်တော့.... နောင်ပွင့်မည့် (ဧရာဝတီမြစ်ကြီးထဲမှ) သဲစုမက
ဘုရားရှင်တို့နှင့် လွဲကြဦးမည်ဟုသာ ယူဆရပေတော့မည်။
၃၂။ ဗုဒ္ဓသာသနာ ၀န်ဆောင်မှုမှာ ထူးခြားတဲ့ခေတ် ရောက်နေပြီ
ပထမသင်္ဂါယနာတင်စဉ်က မြတ်စွာဘုရားရှင်၏ ဧတဒဂ်ရ မဟာသာဝက ရဟန္တာကြီးများ
ဦးဆောင်နိုင်ခဲ့၏။ ဒုတိယသင်္ဂါယနာတင်ချိန်မှာ အရှင်အာနန္ဒာနှင့်
အရှင်အနုရုဒ္ဓါတို့ တပည့် သာဝကများ ဦးဆောင်နိုင်ခဲ့၏။ ထိုတပည့်သာဝက
(၈)ပါးတို့သည် မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်ဖူးမြော်ခဲ့ရသူများ
ဖြစ်ကြ၏။ တတိယသင်္ဂါယနာတင်ချိန်မှာလည်း ရဟန္တာများ ဖြစ်ကြ၏။ သို့သော်
မြတ်စွာဘုရားရှင်ကို တိုက်ရိုက်ဖူးမြော်ဖူးသူများ မပါဝင်တော့ပေ။
သို့သော် မာရ်နတ်က ဖန်ဆင်းပြ၍ မြတ်စွာဘုရားရှင်(အယောင်)ကိုကား
ဖူးခွင့်ရလိုက်ကြ၏။စတုတ္ထ သင်္ဂါယနာတင်ချိန်မှာ အားလုံး ရဟန္တာများ
ဖြစ်သော်လည်း မြတ်စွာဘုရားရှင်၏ ရုပ်ပွားတော်မျှဖြင့်သာ ကျေနပ်
ရသည့်အဆင့် ဖြစ်လာ၏။ ပဉ္စမသင်္ဂါယနာ တင်ချိန်မှာကား ပရိယတ္တိဝန်ဆောင်၊
ပဋိပတ္တိ ၀န်ဆောင် ဆရာတော်များအပြင်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်
(ရဟန္တာအနည်းငယ်)များ ဖြစ်လာ၏။ အားလုံး ရဟန္တာမဟုတ်တော့ပေ။
ဆဋ္ဌမသင်္ဂါယနာမှာလည်း ထို့အ တူပင် ရဟန္တာများ ပါကောင်းပါနေဦးမည်။
သို့သော် ပို၍နည်းသွား၏။
စတုတ္ထအကြိမ်မှစကာ ပေထက်အက္ခရာတင်ရာမှာ လူပညာရှင်များ စတင်ပါလာ၏။
ပဉ္စမအကြိမ်မှာ ကျောက်ထက်အက္ခရာတင်ရန် လူပညာရှင်များပို၍ ပါဝင်လာ၏။
ဆဋ္ဌမအကြိမ်မှာကား လူပညာရှင်ပေါင်း မြောက်မြားစွာက
စာထက်အက္ခရာတင်ရာမှာ ၀ိုင်းဝန်းပံပိုးလာကြရ၏။ သာသနာ
(၂၅၄၀)၀န်းကျင်မှာ သတ္တမအကြိမ် မဟုတ်သော်လည်း
CD-ROMတစ်ချပ်တည်းဖြင့် ပိဋက(၃)ပုံကို ဆန့်အောင်ထည့်ပြီး ကမ္ဘာအနှံ့
ဖြန့်ချိနေပြန်ပြီ။ CD-ROM,Computerခေတ်မှာ လူပညာရှင်များ ပို၍ပို၍
ပါဝင်ပက်သက်လာကြ၏။ ထိုအခြင်းအရာတို့ကို ကြည့်ခြင်းအားဖြင့် ယခုခေတ်
(သာသနာ ၂၅၀၀ နောက် ပိုင်း)မှာ လူပညာရှင်များ အများအပြား လိုအပ်လာ၏။
ရဟန်းသံဃာ အရေအတွက်သည် ယခင့်ယခင် ခေတ်တွေနဲ့စာလျှင်
ပို၍လျှော့နည်းလာနိုင်စရာ အကြောင်းရှိ၏။ အကြောင်း မူကား
ခေတ်ပညာကျောင်းများသည် တောရွာဇနပုဒ်ထိ ရောက်ရှိကာ ပေါများလာ၏။
စာမဖတ်တတ်သူမရှိ ဖြစ်လာ၏။သို့သော် ဘုန်းကြီးကျောင်းတွေမှာ
ကိုရင်လေးတွေ နည်းသွား၏။ ထိုကြောင့် ဗုဒ္ဓသာသနာ ဆက်လက်ပြီး
အဓွန့်ရှည်နိုင်ရေး ပိုမို၍ ထွန်းကား ပြန့်ပွားရေးတို့အတွက်
လူပညာရှင်နှင့် ပညာရှိများက ၀ိုင်းရ၀န်းရပေတော့မည်။ ရဟန်း
သံဃာတော်များကို သာသနာပြုနိုင်ရေးအတွက် ဘက်ပေါင်းစုံက ပစ္စည်းဒါယကာ
အဖြစ် ထောက်ပံ့ပေးရုံဖြင့် မလုံလောက်တော့ပေ။လူပုဂ္ဂိုလ်
ပညာရှင်များဘက်ကလည်း မိမိထမ်းနိုင်သလောက် သာသနာ့ဝန်ကို
ဆောင်နိုင်သမျှ ဆောင်ရပေတော့မည်။ လူပုဂိုလ်တွေ တရားစင်ပေါ်တက်ပြီး
တရားဟောရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဦးဗကြည်ကဲ့သို့
ပန်းချီပညာဖြင့် ပံ့ပိုးရမည်။ ကွန်ပျုတာပညာဖြင့်လည်း
ပံ့ပိုးနိုင်သည်။ အီလက်ထရောနစ် ပညာဖြင့်လည်း တရားခွေတွေ
ဖြန့်ချိနိုင်၏။ ပုံနှိပ်ပညာရပ်ဖြင့်လည်း စာအုပ်တွေထုတ်ပြီး
ပံ့ပိုးနိုင်၏။ တခြားတခြား အတတ်ပညာမျိုးစုံဖြင့်လည်း သာသနာကို
ပံ့ပိုးနိုင်ကြောင်း တိုက်တွန်းရပါမည်။ သို့မှသာ ဗုဒ္ဓသာသနာ
နေလိုလလို ဆက်လက်ထွန်းလင်းတောက်ပနေဦး မည်ဖြစ်သည်။
အမိမြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာမှာ ထိပ်တကာ့ ထိပ်ဆုံးမှာ ဆက်လက်
ရပ်တည်နေဖို့ လို၏။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တွေကို
ကယ်နိုင်သမျှ ကယ်တင်နိုင်ရမည်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ကမ္ဘာသူ
ကမ္ဘာသားတွေအတွက်လည်း မြန်မာနိုင်ငံမှ ဆက်လက်ဖြန့်ချိနိုင်ဦးမည်
ဖြစ်သည်။ မိမိကိုယ်တိုင်လည်း ကျင့်ကြံ၊ သူတစ်ပါးကိုလည်း
တွဲနိုင်သမျှ တွဲခေါ်လိုစိတ် စေတနာမေတ္တာရှိပါက မိမိမှာလည်း ပို၍
ပို၍ အဆင့်မြင့်မြင့် လာပေတော့မည်။
၄၀။ မဟာဒါန ဟူသော သီလ
ငါးပါးသီလကို လုံခြုံအောင် ထိန်းနိုင်သော ဗုဒ္ဓဘာသာဝင် သူတော်စင်
တစ်ယောက်သည် ရိုးရိုးဒါနထက် ပို၍ပို၍ မြင့်မြတ်သော
မဟာဒါနမြောက်ပေ၏။ သူ့အသက်ကိုလည်း မသတ်၊ သူ့ပစ္စည်းကိုလည်း မခိုးယူ၊
သူ့ကာမပိုင်ကိုလည်း မလွန်ကျူး၊ သူ့အကျိုးကို ဆုတ်ယုတ်အောင်လည်း
မလိမ်လည်၊ ရှေ့က (၄)လုံးကို မထိန်းနိုင်အောင် မူးယစ်စေသော
သေရည်သေရက်ကိုလည်း မသောက်သုံးမှတော့များ စွာသော သတ္တ၀ါတို့အား
ဘေးမရှိ၊ ရန်မရှိ ပေးလှူရာ ရောက်စေ၏။ ဆင်းရဲမရှိခြင်းကို ပေးလှူရာ
ရောက်၏။ အတ္တမရှိခြင်းကို ပေးလှူရာရောက်၏။ အကျိုးမယုတ်ခြင်းကို
ပေးလှူရာ ရောက်၏။ မမေ့မလျော့ခြင်းကို ပေးလှူရာ ရောက်၏။
ထို့ကြောင့်ပင် သတ္တ၀ါများစွာတို့အား ဘေးကင်းရန်ရှင်း၊ ဆင်းရဲကင်း၊
အတ္တရှင်း၊အကျိုးရှိ၊ သတိရှိစေခြင်းတို့ကြောင့် မဟာဒါနကုသိုလ်ရှင်
မြောက်ပေတော့၏။ (အင်္ဂုတ္တိုရ်အဋ္ဌကထာ - အဘိသန္ဒသုတ်)
၄၁။ မဟာဒါန သီလ
အကျိုးဆက်
(၁) သီိလစောင့်ထိန်းနိုင်ခြင်းကြောင့်၊ နှလုံးချမ်းမြေ့ ခြင်း
(အ၀ိပ္ပဋိသာရ)အကျိုးရရှိ၏။
(၂) နှလုံးချမ်းမြေ့မှုကြောင့် ၀မ်းမြောက်မှု (ပါမောဇ္ဇ) ဖြစ်လာစေ၏။
(၃) ၀မ်းမြောက်ရာမှ နှစ်သက်မှု (ပီတိ) ဖြစ်ပေါ်လာ၏။
(၄) နှစ်သက်မှုပီတိသည် ကိုယ်စိတ်ငြိမ်းချမ်းမှု (ပဿဒ္ဓိ)ကို
ဖြစ်ပေါ်စေ၏။
(၅) ငြိမ်းချမ်း အေးချမ်းနေပါက ချမ်းသာမှု (သုခ) ရလာ၏။
(၆) ချမ်းသာသုခ အေးချမ်းလာလျှင် စိတ်တည်ငြိမ်မှု (သမာဓိ) ဖြစ်လာ၏။
(၇) စိတ်တည်ငြိမ်နေလျှင် ဟုတ်တိုင်းမှန်စွာ သိမြင်မှု (ယထာဘူတဒဿန)
ပေါ်လာ၏။
(၈) မှန်စွာသိမြင်လာပါက ဘ၀၌ ငြီးငွေ့မှု (နိဗ္ဗိဒါ) ရောက်လာ၏။
(၉) ငြီးငွေ့လာလျှင် တပ်မက်နှစ်သက်ခြင်း ကင်းလာမှု (၀ိရာဂ)
ဖြစ်သွား၏။
(၁၀)တပ်စွမ်းမှုကင်းလာရာမှ လွတ်မြောက်မှု (၀ိမုတ္တိဥာဏဒဿန)
သိမြင်လာလေတော့ သတည်း။ (အင်္ဂုတ္တရ ဧကာဒသက ကိမတ္တိယသုတ်)
သောတပန်ဖြစ်သွားလျှင် ငါးပါးသီလကို ကိုယ်၊ နှုတ်၊ စိတ်
(၃)ပါးလုံး(လုံးဝ) လုံးဝ လုံခြုံသွားလေတော့သည်။ အသက်နှင့်
သီလအန္တရာယ် ကြုံလာလျှင် အသက်ကိုစွန့်၏။ သီလကို မစွန့်တော့ပေ။
၅၃။ကျွန်ုပ် သေပျြော်ပီ
* ငယ်စဉ်အခါက ကကြီး၊ ခခွေး၊A,B,C........စတင်ပြီး
သင်ခဲ့ရတာပင်ပန်းလှ၏။ ပျင်း၏။ ဒီဘ၀သေပြီး နောက်ဘ၀ လူပြန်ဖြစ်ရင်
ဝလုံးကစပြီး ပြန်သင်ပေဦးတော့။ ရင်မောလိုက်တာ
* ပညာတတ်မှ လူရာဝင်မည်ဆိုသည့် အသိဝင်လာတော့ ပညာသင်ရတာ ပျော်လာ၏။
* ပညာတွေ (အထိုက်အသင့်)တတ်လို့ ကျောင်းသားတွေကို စာသင်ပေးရတာ၊
ကျောင်းပညာစာအုပ်တွေ ရေးရတာ ကျေနပ်နေ၏။
* ပုံမှန်ရှင်းပြရတာထက် တီထွင်မှုတစ်ခုကို မှတ်တိုင်ထူနိုင်တ
စာအုပ် ကို
ထုတ်လုပ်နိုင်သည့်အခါ ပုထုဇဉ်စိတ်ဖြင့် "ငါကွ" ဟူ၍ မာနတွေတက်ပြီး
လက်ပမ်းပေါက်ခတ်ကာ
ဂုဏ်ယူဝင့်ကြွားမိ၏။
* (၂၈)ဆူ ဗုဒ္ဓ၀င်ရှင်းချက် ထုတ်လုပ်ဖြန့်ချိ လှူဒါန်းလိုက်ရသည့်အခါ
ပီတိတွေ တဖွားဖွား ဖြစ်ပေါ်လာရ၏။
* ဗုဒ္ဓဘာသာဝင်တိုင်း ပဋ္ဌာန်း၊ ပဋ္ဌာန်းနဲ့ လက်ကိုင်ထားနေကြတဲ့ (၂၄)
ပစ္စည်းကို ပုံနှင့်တကွ ရှင်းပြဖို့ ရောင်စုံရုပ်ပြ ပဋ္ဌာန်း
(၂၄)ပစ္စည်း ရှင်းချက်စာအုပ်လေး ထုတ်လုပ်ပြီးချိန်မှာ "ငါ
သေပျော်ပြီ" ဟူ၍ စိတ်တုံးတုံးချနိုင်ပေပြီ။
* လောကီပညာရပ်စာအုပ် အုပ်(၅၀) (၁၀၀)ထက် လောကုတ္တရာ ပညာရပ်တရား
ဓမ္မစေတီ စာအုပ် (၁)အုပ် ရေးသားထုတ်ဝေခွင့်ရတာ ပို၍ ပီတိဖြစ်၏။
* ဗုဒ္ဓသာသနာအတွက် လိုအပ်တဲ့ ကွက်လပ်ကလေးမှာ အုတ်တစ်ချပ်
ဖြည့်လိုက်ရတဲ့ ပီတိကို သိန်း(၁၀၀) သိန်း(၁၀၀၀)နဲ့ မလဲနိုင်ဘူး။
* ယခု "သောတာပန်ဆုပန် ချမ်းသာမှုစံ" စာအုပ်ကို ရေးသားထုတ်လုပ်
ဖြန့်ချိလိုက်ချိန်မှာ ကျွန်တော် တစ်ထောင့်တစ်နေရာလေးမှာ
သာသနာပြုပြီးမှ ကျွန်ုပ် သေရတော့မှာပါလား !
ဟူ၍......
၅၄။ မှီငြိမ်းကျမ်းများ
၁။ ပိဋက (၃)ပုံ မြန်မာပြန်များ (သာသနာရေးဦးစီးဌာန)
၂။ ဗုဒ္ဓဘာသာလက်စွဲကျမ်း (ပ+ဒု) ( ။ )
၃။ လယ်တီဒီပနီပေါင်းချုပ် (ပ၊ ဒု၊ တ) လယ်တီဆရာတော်
၎။ သုတေသန သမ္မာမဂ္ဂင်္ဂပဥှကျမ်း အရှင်သြဘာသာဘိဝံသ
၅။ မဟာဗုဒ္ဓ၀င်ကျမ်း (၆)တွဲမှတချို့ ဆရာတော် ဦးဝိစိတ္တ
၆။ (၅၅၀) နိပါတ်တော် (၅)တွဲ ညောင်ကန်ဆရာတော်
၇။ ဓမ္မပဒ၀တ္ထုတော်ကြီး (၂)တွဲ အရှင်ဓမ္မဿမီဘိသံသ
၈။ ပါဠိ - မြန်မာအဘိဓာန် ။
၉။ မဟာဝင်ဝတ္ထု ကျီးသဲလေးထပ်ဆရာတော်
၁၀။ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ ဓမ္မာစရိယ ဦးဌေးလှိုင်
၁၁။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဗုဒ္ဓဘာသာကောင်းတစ်ယောက်
၁၂။ ဗုဒ္ဓဘာသာ လူ့ထက်လူ စာအုပ်ရေးသားသူ
၁၃။ စူဠသောတာပန် သာထွန်းပြန့် ညွှန်ချုပ် (ငြိမ်း)
၁၄။ မဟာသောတာပန် ကမ္မဋ္ဌာနာ စရိယ
၁၅။ နှစ်ဖက်လှ၏ နှစ်ဖက်လှ နှစ်ဖက်လှ ဦးကျော်လွင် "အပ္ပမာဒေန
သမ္ဘာဒေထ" မမေ့မလျော့သော အသိတရားဖြင့် ကိစ္စခပ်သိမ်း
ပြီးပြည့်စုံအောင် အားထုတ်နိုင်ကြပါစေသတည်း