|
ှ ခင်မောင်အေး
(သင်္ချာ) ၏ အတ္ထုပ္ပတ္တိ
စာရေးသူသည် ၁၉၅၇ ခု၊ စက်တင်ဘာ (၁၅) ရက်နေ့တွင် ပခုက္ကူမြို့၊
ဗိုလ်ချုပ်လမ်း (ယခင်က ခန်သီးအခိုင်ပင်များ တောထူလောက်အောင်
ပေါက်ရောက်ခဲ့ ဖူးရာ) ခန်တောရပ်မှာ
(ဦးအုန်းမြင့်) +
ဒေါ်အေးကြင်တို့မှ မွေးဖွားခဲ့ပါသည်။ ငယ်ရွယ်စဉ် ကတည်းက
ဗိုလ်ချုပ်လမ်းမှ မဟာစည်ရိပ်သာ ကျောင်း ၊ မဟာဝိသုတာရာမတိုက် (
အလယ်တိုက် ) ၊မန္တလေးတိုက် (အနောက်တိုက်) ဆရာတော်များနှင့်
ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့သလို ဗုဒ္ဓစာပေ များနှင့်လည်း
နီးစပ်ခွင့်ရခဲ့သည်။
၁၉၇၅ ခု တက္ကသိုလ်ဝင်စာမေးပွဲ၌ သင်္ချာ၊ ဓာတု၊ ရူပ (၃) ဘာသာ မှာ အမှတ်
(၁၀၀၊ ၉၀ ၊ ၉၀ ၀န်းကျင်) တို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှာ သိပ္ပံပညာရည်ချွန်ဆု
( = Science Scholarship) ဖြင့် တိုက်ရိုက်တက်ခွင့်ရခဲ့သည်။ ဘွဲ့ရပြီးတွဲဖက်ကျောင်း များမှာ
တာဝန်ခံ ဆရာအဖြစ် (၂)နှစ် အတွေ့အကြုံယူခဲ့သည်။ ထို့နောက်
ပခုက္ကူမြို့မှာ ကိုယ်ပိုင်နည်းပြ သင်တန်းတည်ထောင်ကာ တစ်ယောက်တည်း ဖြင့်
သင်္ချာ၊ ဓာတု၊ ရူပ၊ အင်္ဂလိပ် (၄) ဘာသာကို ထူးချွန်စွာပြသခဲ့သည်။
မြိုင်မြို့သူ ကျောင်းဆရာမ ဒေါ်နွဲ့ကြည်နှင့် အိမ်ထောင်ကျပြီး
ရန်ကုန်သို့ ၁၉၈၈ ခုနှစ်က ပြောင်းခဲ့ပါသည်။
(၉၀) ခုနှစ်မှစ၍
ခင်မောင်အေး (သင်္ချာ) အမည်ဖြင့် နည်းပြဆရာ
ဘော်ဒါ
ခင်မောင်အေး သင်္ချာစာအုပ်များ၊ ပညာဗိမာန် စာအုပ်တိုက် . .
. . . စသည်တို့ကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်
ရောက်ကတည်းက တက္ကသိုလ်စာကြည့်တိုက်အပြင် ကမ္ဘာအေးစာကြည့်တိုက်တို့မှာ
ဗုဒ္ဓစာပေများကို ကျယ်ပြန့်စွာလေ့လာခွင့်ရ ခဲ့ပါသည်။
(၁၉၉၆)ခုမှာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓ၀င်ကို တစ်နိုင်ငံလုံးထိ စောင်ရေ (၁)
သိန်းခန့် ဓမ္မဒါနဖြန့်ချိခဲ့သည်။ ပိဋကတ်သုံးပုံ အစုံ (၃၀) ကျော်ကို
လှူဒါန်းခဲ့ သည်။ (၂၀၀၀)ပြည့်နှစ်က ဗုဒ္ဓဂယာမှ ပြန်လာကတည်းက
ဗုဒ္ဓစာပေများကို ထုတ်ဝေရန် အားစိုက်နိုင်လာပြီဖြစ်ပါသည်။
၂၀၀၀ ခုနှစ်မှာ သင်္ချာဘာသာ ကိုယ်ပိုင်နည်းပြသင်တန်းနှင့်
ဘော်ဒါတို့ကို အသက် (၄၀)ကျော် (စာသင်သက် အနှစ် (၂၀) အပြည့်မှာ)
ရပ်နားခဲ့ပါသည်။ ဗုဒ္ဓဂယာ ဘုရားဖူးပြီးအပြန်မှာ စာသင်ခြင်းကို
အနားယူပြီး တရားစာအုပ်များ စတင်ရေးသားခဲ့ပါသည်။ စာရေးသားခြင်းနှင့်
စာအုပ်ထုတ်လုပ်ဖြန့်ချီရေးကိုသာ ဦးစားပေးခဲ့ပါသည်။ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈
၊ ၉ ၊ ၁၀ သင်္ချာစာအုပ်များ
Log စာအုပ်၊ ၉၊ ၁၀၊ ဓာတု၊ ရူပ စာအုပ်များကို အမြတ်နည်းနည်းယူပြီး
မိသားစုအတွက် စီးပွားရှာပါသည်။ ဗုဒ္ဓတရားစာအုပ်များကို
ဝန်ဆောင်ခသာယူပြီး အရင်းဈေး (အလှူဈေး) ဖြင့် စတင်ဖြန့်ချိခဲ့ပါသည်။
ဘာသာရေးအတွက် ပရိယတ္တိပိုင်းသာမက ပဋိပတ္တိကိုပါ
ပြန်လည်ကြိုးစားအားထုတ်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှစ၍ လယ်တီ - အနာဂါမ်
ဆရာသက်ကြီးဝိပဿနာအဖွဲ့ချုပ်မှာ အမှုဆောင်အဖြစ် ကုသိုလ်ပြု
ထမ်းဆောင်ခဲ့ပါသည်။
ထိုအချိန်မှစ၍ လယ်တီ-အနာဂါမ်ဆရာသက်ကြီး
ဝိပဿနာအဖွဲ့ချုပ် တရားစခန်းဖွင့်ပွဲ ပိတ်ပွဲများမှာ
အမှုဆောင်များကိုယ်စား (၁၅) မိနစ်မှ (၁) နာရီခန့်ထိ (၉)
ကြိမ်ဟောပြောခဲ့ပါသည်။
နယ်တရားစခန်း ဖွင့်ပွဲ၊ ပိတ်ပွဲများမှာ (၁၅) မိနစ်မှ (၁) နာရီခွဲထိ
ဟောပြောခဲ့သော တရားစခန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ လယ်တီ - အနာဂါမ်ဆရာသက်ကြီး ၀ိပဿနာအဖွဲ့ချုပ်၏ (၄၅) ရက်
ဆရာဖြစ်သင်တန်း (သံဃာတော်များ သီးသန့်) ကို ပုသိမ်မြို့၊
မဟာရံသီကျောင်းတိုက်မှာ ဖွင့်ဖြစ်ခဲ့ပါသည်။ ထို (၄၅) ရက် သင်တန်းမှာ
အဖွဲ့ချုပ်၏ ကိုယ်စား ခေတ္တအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါသည်။ ထို
(၄၅) ရက် သင်တန်းဆင်းပွဲမှာ မဟာရံသီဆရာတော်၏ ခွင့်ပြုချက်အရ သင်တန်းသား
သံဃာတော် (၆၈)ပါးနှင့် အလှူရှင်များအား (၂၈) ဆူဗုဒ္ဓ၀င်နှင့် ဂင်္ဂါမြစ်မှ
သဲစုမက ဘုရားပေါင်းကို သင်္ချာပညာဖြင့် သုံးသပ်ကာ (၄၅) မိနစ်ခန့်
ဟောပြောခွင့်ရခဲ့ပါသည်။
ဦးစီးပဓာနနာယက ဆရာတော်များ၏ ဖိတ်ကြားချက်အရ
ဟောပြောခဲ့ပါသည်။
၂။ လူပုဂ္ဂိုလ်တရားစခန်း၊ မဟာရံသီပရိယတ္တိ၊ ပဋိပတ္တိစာသင်တိုက်၊
ပုသိမ်မြို့။
၃။ မင်္ဂလာအောင်မြေ ပရိယတ္တိ၊ ပဋိပတ္တိစာသင်တိုက်၊ ပုသိမ်မြို့။
၎။ မြောင်းမြပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့။
၅။ ဓမ္မ၀ိဇယာရာမကျောင်းတိုက်၊ သံကြိုးလမ်းရွာ၊ ဟိုင်းကြီးကျွန်းမြို့၊
ဧရာဝတီတိုင်း။
၆။ စံထူး+စံပြ၊ ပဓာနိကာရာမကျောင်းတိုက်၊ အမှတ် (၃) ရပ်ကွက်၊
ဟိုင်းကြီးကျွန်းမြို့၊ ဧရာဝတီတိုင်း။
၇။ သဒ္ဓမ္မဇောတိကာရုံစာသင်တိုက်၊ အမှတ် (၁) ရပ်ကွက်၊
ဟိုင်းကြီးကျွန်းမြို့၊ ဧရာဝတီတိုင်း။
၈။ ဒက္ခိဏာရုံကျောင်းတိုက်၊ တောင်ပိုင်းရပ်ကွက်၊ ငပုတောမြို့၊
ဧရာဝတီတိုင်း။
၉။ သာသနာဗိမာန်၊ အောင်ချမ်းသာရပ်ကွက်၊ ပေါက်မြို့၊ မကွေးတိုင်း။
(အတွင်းရေးမှူး ဦးစိန်မြင့်နှင့် အမှုဆောင်များ၏ ဖိတ်ကြားချက်အရ)
* ရန်ကုန်မြို့၊ အာဇာနည်လမ်း၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီး
ပခုက္ကူဓမ္မာရုံမှာ တရားစာအုပ်ဟောပြောပွဲများကို အောက်ပါအတိုင်း ကျင်းပခဲ့ပါသည်။
၁။ ၂၀၀၈၊ နိုဝင်ဘာလမှာ ရောင်စုံရုပ်ပြ ပဋ္ဌာန်းနှင့်
၂၄-ပစ္စည်းရှင်းချက်များစာအုပ် ဆဋ္ဌမအကြိမ်မြောက် ရိုက်နှိပ်ဖြန့်ချီခြင်းအထိမ်းအမှတ် ကျင်းပခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင် ပဋ္ဌာန်းစတင်ဟောကြားပုံ၊ လူ့ပြည်မှာ
ပျံ့နှံ့ပုံမှစ၍ ၂၄-ပစ္စည်းရှင်းချက်များကို
Projector ဖြင့် ပုံပေါင်း
(၃၆) ပုံထိုးပြပြီး ရှင်းပြခဲ့ရာ ပရိသတ်ပေါင်း
(၃၀၀)ခန့် တက်ရောက်ခဲ့ ကြပါသည်။
၂။ ၂၀၀၉ခု၊ ဒီဇင်ဘာ (၁၂)ရက်မှာ
"လူဖြစ်ကျိုးနပ်ဖို့ သောတာပန်သို့"
စာအုပ်စတင်ထုတ်ဝေဖြန့်ချိခြင်း အထိမ်းအမှတ်ကျင်းပခဲ့ပါသည်။ ပရိသတ်
(၅၀၀)ကျော်
တက်ရောက်ခဲ့ရာ နေရာမဆံ့တော့ဘဲ တချို့မတ်တပ်ရပ်ပြီး တရားနာခဲ့ကြရပါသည်။
ဓမ္မမိတ်ဆွေများ အထူးနှစ်ခြိုက်ခဲ့ကြရာ တစ်ပတ်အတွင်း
အုပ်ရေ(၁)သောင်းကျော်ပြိုက်ခနဲ ကုန်သွားခဲ့၏။ လှူဒါန်းသည့်သူများ အများအပြားရှိလာကြ၏။
၁၃၇၃ခု၊ ကဆုန်လပြည့်နေ့။ ၂၀၁၁ ခု၊ မေလမှာ ဗုဒ္ဓနှစ် ၂၆၀၀ပြည့်နှစ် (၄၅၀ါ
+ သာသနာနှစ် ၂၅၅၅) စတင်ရောက်တော့မည်ဖြစ်ပါသည်။ ဗုဒ္ဓနှစ်ကို
ကြိုဆိုပူဇော်
သောအားဖြင့် စာအုပ်များ၊ ပိုစတာများ ထုတ်ဝေဖြန့်ချိလှူဒါန်းခြင်းနှင့်
ဟောပြောပွဲများ ကျင်းပမည်ဖြစ်ပါသည်။ (ထို့ကြောင့်
လယ်တီ-အနာဂါမ်ဆရာသက်ကြီး ၀ိပဿနာအဖွဲ့ချုပ်၏ အမှုဆောင် အစည်းအဝေးများတွင် တက်ရောက်ချိန်မရတော့သောကြောင့်
နုတ်ထွက်လွှာတင်ထားရပါသည်။) ထေရ၀ါဒ စစ်စစ် ဗုဒ္ဓတရားတော်များ
ဟောပြောပွဲကျင်းပလိုပါလျှင် (၁)လခန့် ကြိုတင် ဆက်သွယ်ပါရန်
မေတ္တာရပ်ခံအပ်ပါသည်။
ရောင်စုံရုပ်ပြပဋ္ဌာန်းနှင့် (၂၄) ပစ္စည်းရှင်းချက်များ ပိုစတာအကြီးဆုံး
(၁၀ ပေ x ပေ ၄၀) ကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ဓာတ်လှေကားအတက်
ဝင်ပေါက်အနီးတွင်
ချိတ်ဆွဲပြီး ခင်မောင်အေး မိသားစုမှ လှူးဒါန်းထားပါသည်။
တခြားဆိုဒ်မျိုးစုံဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း နေရာပေါင်း (၅၀၀) ကျော်
လှူဒါန်းပြီး ဖြစ်ပါသည်။
မိမိလှူဒါန်းသကဲ့သို့ တခြားအလှူရှင်များကိုလည်း (အလှူဈေးဖြင့်)
လှူဒါန်းနိုင်ရန် စီစဉ်ပေးရာ နေရာဒေသပေါင်း (၂၀၀၀) ကျော်ခန့်
ရှိပြီဖြစ်ပါသည်။ ဗုဒ္ဓဆိုင်ရာ
ပိုစတာများ၊ စာအုပ်များ၊ လှူဒါန်းလိုပါက
ခင်မောင်အေး၏ ပညာဗိမာန်
စာအုပ်တိုက်လိပ်စာ၊
Website, Email တို့မှတစ်ဆင့်
မှာယူလှူဒါန်းနိုင်ပါသည်။ ထိုတရားစာအုပ်များ၊
ဗီနိုင်း၊ စာရွက် ပိုစတာများကို
ခင်မောင်အေးက
ကိုယ်တိုင်လှူဒါန်းသလို ဓမ္မမိတ်ဆွေများအတွက်လည်း အမြတ်မယူဘဲ၊
စာရေးဆရာစီစဉ်သူအတွက် အခကြေးငွေမယူဘဲ
ဝန်ဆောင်ခ စရိတ်သာယူပြီး အရင်းဈေး (အလှူဈေး) ဖြင့်
ဖြန့်ချိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အလှူဈေး(အရင်းဈေး) ဖြင့် ရေးသားထုတ်ဝေသော တရားစာအုပ်များ
၁။ (၂၈)ဆူ ဗုဒ္ဓ၀င်ပိုစတာ ၂။ (၂၈)ဆူ ဗုဒ္ဓ၀င်နှင့်ရှင်းချက်များစာအုပ် ၃။ ရောင်စုံရုပ်ပြပဋ္ဌာန်းနှင့် ၂၄ ပစ္စည်း ရှင်းချက်များ
အိတ်ဆောင်ဆိုဒ်၊ ၀တ္တုဆိုဒ်၊ မဂ္ဂဇင်းဆိုဒ်စာအုပ်များ ၄ ။ ရောင်စုံရုပ်ပြပဋ္ဌာန်းနှင့် ၂၄-ပစ္စည်းရှင်းချက်များ ဗီနိုင်းပိုစတာ ၅။ သောတာပန်ဆုပန်ချမ်းသာမှုစံ စာအုပ် ၆။ မြတ်စွာဘုရား ရောင်ခြည်တော် ဂုဏ်တော် (၉)ပါး ပိုစတာ ၇။ လူဖြစ်ကျိုးနပ်ဖို့ သောတာပန်သို့ စာအုပ် ၈။ အတုလ ဗုဒ္ဓမြတ်စွာဘုရား ပိုစတာ၊ ကဒ်ပြား ၉။ ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့ပုံ
(အမျိုးသား ၊အမျိုးသမီး) ပိုစတာ ၁၀။ ဗုဒ္ဓမြတ်စွာဘုရား ခြေတော်ရာ ပိုစတာ ၊ ကဒ်ပြား ( မြန်မာ၊အင်္ဂလိပ် ) ၁၁။
THE ILLUSTRATED PATHANA
( ရောင်စုံရုပ်ပြပဋ္ဌာန်း အင်္ဂလိပ်ဘာသာပြန် )
 |