တ |
မေ |
သ |
ဒီ၊ |
တဏှင်္ကရာ |
မေဓင်္ကရာ |
သရဏင်္ကရာ |
ဒီပင်္ကရာ |
ကော |
မင် |
သု |
ရေ။ |
ကောဏ္ဍည |
မင်္ဂလ |
သုမန |
ရေ၀တ |
သော |
အ |
ပ |
နာ၊ |
သောဘိတ |
အနောမဒဿီ |
ပဒုမ |
နာရဒ |
ပ |
သု |
သု |
ပိ။ |
ပဒုမုတ္တရ |
သုမေဓ |
သုဇာတ |
ပိယဒဿီ |
အ |
ဓမ် |
သိ |
တိ၊ |
အတ္ထဒဿီ |
ဓမ္မဒဿီ |
သိဒ္ဓတ္ထ |
တိဿ |
|
ဖု |
ဝိ |
သိ |
ဝေ။ |
|
ဖုဿ |
ဝိပဿီ |
သိခီ |
ဝေဿဘူ |
|
က |
ကော |
က |
ဂေါ၊ |
|
ကကုသန် |
ကောဏာဂုံ |
ကဿပ |
ဂေါတမ |
|
န |
မာ |
မ |
ဟံ၊ |
ဤဂါထာသည် ဘုရားဟော စစ်စစ်ကို စပ်ဆိုထားခြင်းဖြစ်သည်။
သမ္ဗုဒ္ဓေဂါထာသည် ဘုရားဟော စစ်စစ်မဟုတ်ပေ။
ထို့ကြောင့် ဤဂါထာသည် သမ္ဗုဒ္ဓေဂါထာထက် ပိုမို၍ အစွမ်း ထက်၏။
ခင်မောင်အေး
ဓမ္မစေတီတည်ရန် မှီငြမ်းပြုစုထားပါသည်။
ပုံနှိပ်မှတ်တမ်း
စာမူခွင့်ပြုချက်အမှတ်
မျက်နှာဖုံးခွင့်ပြုချက်အမှတ်
အကြိမ်
အုပ်ရေ
တန်ဖိုး
မျက်နှာဖုံးပန်းချီ - ကိုလှထွန်း
ခုနှစ်
အတွင်းစာသားနှင့်
မျက်နှာဖုံးပုံနှိပ်သူ
ထုတ်ဝေသူ
ဖြန့်ချီရေး
|
-
-
-
-
-
-
-
-
-
-
-
|
၃၂၀၅၁၈၀၆၀၈
၃၂၀၅၁၂၀၆၀၈
ဒုတိယအကြိမ်
၆၀၀၀
၂၀၀ ကျပ်
အလှူဈေး(အရင်းဈေ)
ကိုလှထွန်း
၂၀၀၆ ခု၊ စက်တင်ဘာလ
အာကာမင်းပုံနှိပ်တိုက် (၀၈၄၀၈)
12/G1(၅၄)လမ်း၊ ပုဇွန်တောင်မြို့နယ်။
ဦးကျော်ဟင်း၊ ယုံကြည်ချက်စာပေ
အမှတ်(၁၁၁)၊ ၃၃လမ်း၊
ကျောက်တံတားမြို့နယ်။
ပညာဗိမာန် စာအုပ်တိုက်
အမှတ်(၂၂၈)၊ ၃၉လမ်း(အထက်)
အနော်ရထာလမ်းအနီး၊
ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်း ၀၁-၂၅၃၁၄၃၊ ၀၉-၅၁၃၆၇၄၆။ |
မာတိကာ
စဉ်
(က)
(ခ)
(ဂ)
၁။
၂။
၃။
၎။
၅။
၆။
၇။
၈။
၉။
၁၀။
၁၁။
၁၂။
၁၃။
၁၄။
၁၅။
၁၆။
၁၇။
၁၈။
၁၉။
၂၀။
၂၁။
၂၂။
၂၃။
၂၄။
၂၅။
၂၆။
၂၇။
၂၈။
၂၉။
၃၀။
၃၁။ |
အကြောင်းအရာ
စာရေးသူ၏ အမှာ
မှီငြမ်းကျမ်းများ
နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓ၀င် အကျဉ်းချုပ်
မတူ(၈)မျိုး
ခေတ်သိပ္ပံပညာရှင်များ အလိုအရ လူ့သက်တမ်းတိုလာရခြင်း
အကြောင်းအရင်းများ
ဗုဒ္ဓနည်းကျ လူ့သက်တမ်းတိုရခြင်း အကြောင်း
ကမ္ဘာ ရေတွက်ပုံ
မဟာကပ်နှစ်မျိုး
တစ်ကမ္ဘာ၏သက်တမ်းကို နှစ်ဖြင့်မှန်းဆခြင်း
သမ္ဗုဒ္ဓေဂါထာမှ (၅)သိန်း (၁)သောင်း(၂)ထောင်
(၂၈)ဆူ
ဘုရားလောင်း (၃)မျိုး
ဒုက္ကရစရိယာ (၆)နှစ် ကျင့်ရခြင်း အကြောင်း
ဂေါတမ ဘုရား သက်တော် (၈၀)ဖြစ်ရခြင်း
ဆုတ်ကပ်မှာသာ ဘုရားပွင့်နိုင်
သက်တမ်း (၁) သိန်းနှင့် (၁၀၀) ကြားသာ ဘုရားပွင့်
ပါရမီကံ အဆောက်အအုံ ရင့်ပါမှ ဘုရားပွင့်
ဂေါတမမြတ်စွာဘုရားသည် အနှစ် (၁) သောင်းတမ်းတွင်
ပွင့်ထိုက်သည်ဆိုသော်လည်း
ဘဒ္ဒကမ္ဘာတွင် ဆုတ်ကပ်တို့မှာ ဘုရားပွင့်ပုံကို
ပုံဖြင့်ပြရလျှင်
မြတ်စွာဘုရားတို့ အသက်တော်ရှည်ခြင်း၊ တိုခြင်းအကြောင်းအရင်း
ဂေါတမမြတ်စွာဘုရားထံ အရိမေတ္တယျ ဘုရားလောင်း နိယတ
ဗျာဒိတ်ရပုံ
အရိမေတ္တယျဘုရားကို ဖူးခွင့်ရမည့်သူများ
နောက်ပွင့်မည့်ဘုရားကို မျှော်ရုံသက်သက်ဖြင့်မရ
အရိမေတ္တယျဘုရား ပွင့်ပြီးသော်
ဘဒ္ဒကမ္ဘာပြီး
ကမ္ဘာ (၁)သိန်းကျော်လွန်မှ ဘုရား (၂)ဆူ၊ (၁)ဆူ
စသည်တို့ ပွင့်မည်
ဂေါတမဗုဒ္ဓ၏ အရပ်တော် (၁၈)တောင်ဖြစ်ရခြင်း အကြောင်းအရင်း
ဘုရားမပွင့်ခဲ့သော အသင်္ချေနှင့်ကမ္ဘာများ
ဘုရားလောင်းတို့မည်သည် နတ်ပြည်၌ ကြာရှည်မနေ
ဗောဓိဥာဏ် (၃)ဆင့်
သာဝက (၃)ဆင့်
ဗျာဒိတ်ရခြင်း အင်္ဂါ (၈)ပါး
ပုထုဇဉ်ဦးနှောက်ဖြင့် လိုက်၍မမီနိုင်
လူတိုင်း ငရဲပြည် မကျဖူးသူ မရှိခဲ့
(လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲ၊
တိရစ္ဆာန်)
သတ္တ၀ါအားလုံးဆွေမျိုးတော်ခဲ့ဖူးကြ
အခုခေတ် လူသားတွေမှာ နတ်မျက်စိ၊ နတ်နားများရရှိနေပြီ။
သို့သော် |
စာမျက်နှာ
၁
၂
၃
၁၁
၁၂
၁၄
၁၄
၁၅
၁၅
၁၇
၁၉
၂၀
၂၁
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၈
၃၀
၃၁
၃၃
၃၄
၃၅
၃၅
၃၆
၃၇
၃၉
၄၂
၄၂
၄၃
၄၆
၄၇ |
စာရေးသူ၏ အမှာ
နှစ်ကျိပ်ရှစ်ဆူ
သဗ္ဗညုမြတ်စွာဘုရားတို့၏ ဗုဒ္ဓ၀င်အကျဉ်းချုပ်ကို ၁၉၉၄ခုကတည်းက
ဗုဒ္ဓ၀င်ကျမ်းများ၊ ၀ံသမေဒ ပကာသနီကျမ်းများ အစရှိသည်တို့ကို
တစ်နှစ်ခန့် အချိန်ယူပြုစုကာ ၁၉၉၅ ခု ဇန်န၀ါရီမှာ စတင် ထုတ်ဝေပြီး
ဓမ္မဒါနပြုခဲ့ပါသည်။ ဓမ္မဒါနအဖြစ် လူကိုယ်တိုင် ယူလျှင်သော
်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း ပို့ပေးမည့်အကြောင်း
သတင်းစာမှ ကြော်ငြာပြီး ဓမ္မစေတီအဖြစ်တည်ခဲ့ရာ ၁၉၉၆/၉၇ အထိစောင်ရေ
(၁)သိန်းခန့် ကုန်သွားပါသည်။
၁၉၉၆/၉၇ မှာ ပိဋကတ်(၃)ပုံ အုပ်ရေ(၄၀) ကိုကမ္ဘာအေးမှ နိုင်ငံတော်
ထုတ်ဈေးဖြင့်ရသည့်အတွက် အစုံ(၃၀)ကျော် စုစုပေါင်း (၄၀အုပ်၃၀စုံ)
အုပ်ရေ ၁၂၀၀ ကျော်ကို ရှားပါး၍ အမှန်တကယ် လိုအပ်သော ဘုန်းကြီး
ကျောင်းများမှာ လှူဒါန်းနိုင်ရန် သတင်းစာမှ တဆင့်ပင့်ဖိတ်ပြီး
လှူဒါန်းဖြစ်ခဲ့ပါသည်။
ထို့နောက် ရန်ကုန်မြို့ကြီးမှာ တည်ငြိမ်စွာ ရပ်တည်နိုင်ရေးအတွက်
စီးပွားရေး၊ ကြီးပွားရေးကို ပညာရေးဝန်ဆောင်မှုလုပ်ငန်းဖြင့်
ဖိဖိစီးစီး လုပ်နေရသည့်အတွက် ဓမ္မစေတီတည်သည့်ကုသိုလ်ကို
မလုပ်နိုင်ဘဲ ဖြစ်ခဲ့ရပါသည်။
ယခု မိခင်အပါအ၀င် မိသားစုအတွက် စားဝတ်နေရေးကို တည်ငြိမ်စွာ ၀င်ငွေ
ရှာပေးနိုင်ပြီ ဖြစ်သည့်အတွက် (သူဌေးအဆင့်တော့မဟုတ်ပါ၊
လူတန်းစေ့ပြီဟု ယူဆသည့် အတွက်) "ဓမ္မစေတီတည်ခြင်း" ကုသိုလ်ကို
ပြုလုပ်ရန် ပြန်လည်စိုင်းပြင်း နေပါပြီ။ သို့သော်ယခင်ကဓမ္မဒါနဝေရတာ
ဖြန့်ချိရေး မထိရောက်သည့်အတွက် (ငွေကြေး ကော်မရှင်ဖြင့်
ဖြန့်ချိမှသာ ပိုမိုထိရောက်မည်ဟုယူဆသည့်အတွက်) ယခု ၀န်ဆောင်စရိတ်
အလွန်သက်သာအောင် ဈေးနှုန်းသတ်မှတ်ပြီး ဓမ္မစေတီတည်မည် ဖြစ်ပါသည်။
သို့သော် ယခုခေတ်ဈေးနှုန်းအရ (၃၀၀ိ/- တန်ကို ၁၅၀ိ/-) (၅၀ိ/- တန်ကို
၂၀ိ/- ၂၅ိ/- ဖြင့်) ဗုဒ္ဓသာသနာဝင်များ အတွက်အချိုသာဆုံးသော
ဈေးနှုန်းဖြင့် ဖြန့်ချိပါမည်။ ဤငွေကြေးသည်လည်း မိမိ၏မိသားစု
စားဝတ်နေရေးအတွက် လုံးဝ (လုံးဝ) မဟုတ်ပါ။ ဓမ္မစေတီများကို
ကိုယ်ပိုင်ငွေဖြင့်မတည်ပြီး ရရှိလာသော ငွေကြေးကို ထပ်မံအသုံးချကာ
တစ်ခုမှ နှစ်ခု... (ဖြစ်နိုင်လျှင်) ရာကျော်အထိ တည်သွားရန် အတွက်သာ
ဖြစ်ကြောင်း၊ ဤတရားစာများကို ဖတ်ရှုသူအပေါင်းအား ဓမ္မစေတီတည်သည့်
မဟာကုသိုလ်တော်ထဲမှာ ပါဝင်သည့်အတွက် သာဓုအနုမောဒနာ ခေါ်နိုင်ရန်
ဖြစ်ပါသည်ခင်ဗျား။
မှီငြမ်းကျမ်းများ (ဗုဒ္ဓ၀င် အဋ္ဌကထာနှင့် ဗုဒ္ဓ၀င်ကျမ်းမတူလျှင်
ဗုဒ္ဓ၀င်ကျမ်းကို အတည်ပြုသည်။)
(၁) တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက ဘဒ္ဒန္တအရှင် ၀ိစိတ္တသာရ ဘိဝံသ၏
ဗုဒ္ဓ၀င်ကျမ်း (၆)တွဲ (၈)အုပ်။
(၂) ဘုရားဖြူဆရာတော်၏ ၀ံသမေဒပကာသနီကျမ်း (၂)တွဲ
(၃) ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီကျမ်း
(၄) ပိဋကတ် (၃)ပုံ မြန်မာပြန် အုပ် (၃၀)မှ ကျမ်းတချို့
(၅) ဒီပဲရင်းဆရာတော်၏ အနာဂတ၀င်ကျမ်း
(၆) Reader's Digest, Time, Newsweek, လက်လှမ်း မီရာ ဆောင်းပါးများမှ
ခင်မောင်အေး (သင်္ချာ) က ဓမ္မစေတီတည်ရန် မှီငြမ်းပြုစုထားပါသည်။
အလှူတကာ့ အလှူမှာ ဓမ္မစေတီ
(တရားဓမ္မပညာ) အလှူသည် အမြတ်ဆုံးဖြစ်သည် ဟု (၁၅) ၀ါမြောက်
ဝါဆိုအပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်၌ သိကြားမင်း၏ ပြဿနာ
(၄)ရပ်ကို ဖြေကြားတော်မူစဉ် မြတ်စွာဘုရားက ဟောကြားတော် မူခဲ့လေသည်။
(မဟာဗုဒ္ဓ၀င် - စ - တွဲ - ၂၅၃) (ဓမ္မပဒ - ဌ၊ ၂၊ စာ- ၃၅၀)
၆။ တစ်ကမ္ဘာ္ဘ၏သက်တမ်းကို
နှစ်ြဖင့်မှန်းဆခြင်း
ကပ်တစ်ကပ်၏ အချိန်ကာလကို သင်္ချာဂဏန်းဖြင့် ရေတွက်၍ မရနိုင်ပါ။
သို့သော် မှန်းဆ၍ကြည့်လိုလျှင်အလျား အနံ အမြင့် တစ်ယူဇနာစီရှိသော
တိုက်ခန်း(ဂိုဒေါင်) ကြီးအတွင်း၌ အလွန်သေးငယ်လှသော
မုန်ညင်းဖြူစေ့တို့ကို အပြည့်ထည့်ထားပြီး အနှစ်တရာ ပြည့်လျှင်
တစ်စေ့ယူ၍ပစ်။ ထိုဂိုဒေါင်ကြီးထဲမှ မုန်ညင်းစေ့သာကုန်ဆုံးသွားမယ်။
ကမ္ဘာတစ်ခုအချိန် ကာလတစ်ခုမကုန်ဆုံးသေးပါ။
မှန်းဆကြည့်လေ-တစ်ယူဇနာကို မိုင်ပေါင်း အနီးဆုံး ၁၃မိုင် (၁၂မိုင်၊
၅ဖာလုံ၊ ၅၄၀ ပေ၊ အယူအဆ အမျိုးမျိုးရှိပါတယ်)။
ဂိုဒေါင်၏ထုထည်= 13×13×13(5280)3(12)3
cu-inches မုန်ညင်းစေ့တစ်စေ့ (ခန့်မှန်းပဲ ထားပါ) အချင်းဝက်r=
0.01in
မုန်ညင်းစေ့၏ ထုထည်

၇။ သမ္ဗုဒ္ဓေဂါထာမှ (၅)သိန်း
(၁)သောင်း (၂) ထောင် (၂၈) ဆူ
မြတ်စွာဘုရားဖြစ်ဖို့ရန် ပထမဦးဆုံးအဆင့် ဘုရားလောင်းဖြစ်ရန်
လိုအပ်ပါသည်။ (ဘယ်အချိန် ဘယ်အခါ အတိအကျဘုရားဧကန်ဖြစ်မည်ဟု တစ်ဆူ
သောဘုရားက မိန့်ကြားခြင်း) နိယတ ဗျာဒိတ်ရမှ ဘုရားလောင်းဖြစ်သည်။
ဤကဲ့သို့ ဗျာဒိတ်ရ ဘုရားလောင်းဖြစ်ရန် ရှေးအခါကာလပင် ဘုရားဆုကို
စိတ်ဖြင့်ကြိတ်ပြီး ဆုတောင်းခဲ့ခြင်းကို အပဒါနကျမ်းလာ ဗုဒ္ဓါပဒါန
ပါဠိတော်အရ- "အဟမ္ပိပုဗ္ဗဗုဒ္ဓေသု၊ ဗုဒ္ဓတ္တမဘိပတ္ထယိံ ။ မနသာယေ၀ ဟုတွာန၊
ဓမ္မရာဇာ ဒသင်္ခိယာ" ။ ကို ထောက်ဆလျှင် "မရေမတွက်နိုင်အောင် များလှသော
ဘုရားအဆူဆူတို့ထံ၌ စိတ်ဖြင့်သာ ဘုရားဆုကို
တောင်းခဲ့ရသည်ဟုဆိုသဖြင့်
ကမ္ဘာဤမျှရေတွက်၍မရအောင် ကာလရှည်လျားစွာ
ဘုရားဆုကို စိတ်ဖြင့်တောင်းတော်မူကြရသည်" ဟု သိသာလှပေ၏။
ဂေါတမမြတ်စွာဘုရား တာဝတိံ သာနတ်ပြည်မှ အဘိဓမ္မာတရားဟော၍ အပြီး
မြတ်စွာဘုရား၏ ဒေဝေါ ရောဟနပြာဋိဟာ တန်ခိုးပြစဉ်က မြတ်စွာဘုရား၏
ဘုန်းတန်ခိုးအာနုဘော်တို့ကို ကိုယ်တိုင်ဖူးတွေ့ရ ကြားနာရသူတိုင်း
တစ်ယောက်မကျန် "ငါလည်းပဲ ဘုရားဖြစ်ချင်လိုက်တာ" ဟုတောင့်တကြ၏။
ကြိတ်၍ ဆုတောင်းခဲ့ကြ၏။ သို့သော် ထိုသူတို့ကား
ဘုရားဖြစ်ရန်မဆိုနဲ့ဦး၊ ဗျာဒိတ်ရခြင်း အင်္ဂါရှစ်ပါးဖြင့်
မပြည့်စုံသေး၍ ဘုရားလောင်းပင် မဖြစ်နိုင်သေးပါ။
ဂေါတမမြတ်စွာဘုရားလောင်းဗျာဒိတ်မရခင် (၄)အသင်္ချေနှင့်
ကမ္ဘာ
တစ်သိန်းမတိုင်မီ)က ဗျာဒိတ်ရခြင်းအင်္ဂါ(၈)ပါးပြည့်စုံရန်
(ဘုရားလောင်း
ဖြစ်ရန်)ဖြည့်ကျင့်ခဲ့သောအသင်္ချေပေါင်း(၇)အသင်္ချေ၊(၉)အသင်္ချေ အတွင်း
ဘုရားပေါင်း(၅)သိန်း(၁)သောင်း(၂)ထောင်အရေအတွက်တို့သည် ဘုရားဟော
ထေရ၀ါဒဗုဒ္ဓဘာသာ ကျမ်းဂန်လာ အစစ်မဟုတ်ပေ။
ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတွင် အပ္ပကာဝါဠုကာ ဂင်္ဂါ (ဂင်္ဂါမြစ်ထဲမှသဲဆူမက
ပွင့်တော်မူပြီးခဲ့သောဘုရားပေါင်း)ဟူ၍ဖြည့်စွက်ထားရပေသည်။ သို့သော်
ဗုဒ္ဓအပဒါန် ပါဠိတော်ကို အကျယ်ဖွင့်အနေဖြင့် သီဟိုဠ်ကျွန်း အနုရာ
ဓမြို့၊ မဟာဝိဟာရ ကျောင်းတိုက်နေ အရှင်စူဠဗုဒ္ဓ ဃောသမထေရ်က
"သောတတ္တကီကျမ်း" ကို ရေးသားခဲ့သည်ဟုဆို၏။ (ဘုရားလောင်းဖြစ်ရန်
ဆုပန်သူတို့ကျေနပ်ရန် ဖွင့်ဆိုခဲ့သည်ဟုလည်း ဆို၏။) ထိုကျမ်း၌
ဂေါတမဘုရားလောင်းသည် (၇) အသင်္ချေကာလပတ်လုံး ဘုရားဖြစ်ရန် စိတ်ထဲမှာ
ကြိတ်ပြီး ကြံစည်တောင့်တခဲ့ရသည်ဟု ဆို၏။ ထိုအချိန် အတွင်း
ပွင့်ခဲ့သော ဘုရားရှင်ပေါင်းမှာ (၁၂၅၀၀၀) တစ်သိန်းနှစ်သောင်း
ငါးထောင် ဖြစ်ရာ အစဆုံးဘုရားမှာ ဗြဟ္မဒေ၀ဘုရားဟု ဆို၏။ တစ်ဖန်
နှုတ်ဖြင့် ဖွင့်ဟဆုတောင်းခဲ့ရာ (၉) အသင်္ချေ အတွင်း ဘုရားရှင်ပေါင်း
(၃၈၇၀၀၀) သုံးသိန်း ရှစ်သောင်း ခုနှစ်ထောင် ပွင့်တော်မူခဲ့၏။
ထိုတွင် ပေါရာဏ ဂေါတမ ဘုရားရှင်ထံတွင် စတင်ပြီး နှုတ်ဖြင့် ဖွင့်ဟ
ဆုတောင်းခဲ့သည်ဆို၏။ ထိုဘုရားရှင်ထံမှာပင် အမည်တူ
အမျိုးနွယ်တူအဖြစ် ဂေါတမဘုရားအမည်ဖြင့် ဘုရားဖြစ်လိုကြောင်း
စတင်ဖွင့်ဟတောင်းဆိုသည်ဟုဆို၏။
သို့သော် ပေါရာဏ ဂေါတမမြတ်စွာဘုရားရှင်က ယခု ဂေါတမ ဘုရားလောင်း
ဖြစ်မည့်သူသည် (ဘုရားဖြစ်ဖို့ဝေးစွ) ဘုရားလောင်းဖြစ်ရန်ပင် ပါရမီ
လွန်စွာ လိုသေးသောကြောင့် အနိယတဗျာဒိတ် (ဘယ်အချိန်မှာ ဘုရားဧကန်
အမှန် ဖြစ်နိုင်ကြောင်း မပြောဆိုနိုင်သေးသည့်စကား) အဖြစ်သာ
ပေးခဲ့ရသည်ဟုဆို၏။ ထိုထို (၇+၉=၁၆) အသင်္ချေအတွင်း ဘုရားရှင်ပေါင်း
(၁၂၅၀၀၀ + ၃၈၇၀၀၀ = ၅၁၂၀၀၀) ငါးသိန်း တစ်သောင်း နှစ်ထောင်
ထံတော်တို့တွင်ဂေါတမဘုရားလောင်းသည် (စိတ်+နှုတ်ဖြင့်)
ဆုတောင်းခဲ့ရသော်လည်း နိယတဗျာဒိတ် မရခဲ့ဟု ဆိုပါသည်။
ဤအချက်အလက်တို့သည် ဗုဒ္ဓါပဒါနပါဠိတော်နှင့် တော့ဖြင့်မကိုက်ညီပေ။
၁၂။သက်တမ်း(၁)သိန်း နှင့် (၁၀၀)ကြားသာ ဘုရားပွင့်
ဆုတ်ကပ်မှာလည်း
အသက်တမ်း အသင်္ချေတမ်းနှင့် တစ်သိန်းကျော်ထိမှာ
ဘုရားမပွင့်နိုင်ပြန်ပေ။ သင်္ခါရတရားတို့၏ သဘောတရားကို
အသက်တစ်သိန်းကျော်သူ တို့သည် မထင်မြင်နိုင်၍ ယုံကြည်မည်မဟုတ်ပေ။
ထို့ကြောင့် ဆုတ်ကပ်အတွင်း အနှစ် တစ်သိန်းတမ်းရှိ သတ္တ၀ါတို့သည်သာ
နားလည်နိုင်စွမ်းရှိနိုင်သောကြောင့် ဘုရား ပွင့်နိုင်ပေသည်။ တစ်ဖန်
အနှစ် (၁၀၀) တမ်းအောက် လျော့သွားပြန်လျှင်လည်း အသက်တမ်းတိုလွန်း၍
အရာရာအလျင်စလိုဖြစ်နေ၍ လောဘ ဒေါသ မောဟများ
အလွန်ထူထပ်လွန်းသည့်အတွက် သင်္ခါရတရားတို့၏ အနိစ္စသဘောတရားများကို
လက်မခံနိုင်၊ မနာယူနိုင်၊ မကျင့်သုံးနိုင် ဖြစ်ရပြန်သည်။ ထိုထို
အကြောင်းများကြောင့် ဆုတ်ကပ်ရှိ အနှစ်တစ်သိန်းတမ်းနှင့် အနှစ်
(၁၀၀) တမ်း အတွင်းသာ ဘုရားပွင့်ရလေသည်။
Diagram ပုံဖြင့်ပြရလျှင်

၁၃။ ပါရမီကံ အဆောက်အအုံရင့်ပါမှ
ဘုရားပွင့်
သစ်ပင်မှ အသီးအပွင့်များကဲ့သို့ အချိန်တန်မှ သီးချိန်တန်သီး
ပွင့်ချိန်တန်ပွင့်၊ မှည့်ချိန်တန်မှည့်ရလေသည်။ ဘုရား အလောင်း
တော်ကြီးများသည်ပင်လျှင် ပါရမီကံ အဆောက်အအုံအနုအရင့်အပေါ်မူတည်၍
တိုက်ဆိုင်ရာ အသက်တမ်းတွင် ပွင့်တော်မူကြရသည်။ ပါရမီကံ အဆောက်
အအုံကို ဖြည့်ကျင့်နေဆဲဖြစ်ပြီး မရင့်သန်သေးပါက (၁)
သိန်းတမ်းတွင်မမီလိုက်ဘဲ (၉)သောင်း၊
(၈)သောင်းစသည့်ရင့်မှည့်ချိန်တန်ကာမှ တွေ့ကြုံ တိုက်ဆိုင်သည့်
အသက်တမ်းမှာ ပွင့်တော်မူကြရလေသည်။
၁၄။ ဂေါတမမြတ်စွာဘုရားသည် အနှစ် (၁) သောင်းတမ်းတွင်
ပွင့်ထိုက်သည်ဆိုသော်လည်း
ယခုလက်ရှိ ဘဒ္ဒကမ္ဘာတွင် ဘုရား (၄) ဆူပွင့်တော်မူပြီးသည့်အနက် ကကုသန်
မြတ်စွာဘုရားသည် အနှစ် (၄) သောင်းတမ်းမှာ ပွင့်တော်မူသည်။
ထို့နောက် အန္တရကပ်တစ်ကပ်ခြား၍ အနှစ် (၃) သောင်းတမ်းတွင် ကောဏာဂုံ
မြတ်စွာဘုရား ပွင့်တော်မူသည်။ အန္တရကပ် တစ်ကပ်ခြားပြန်ပြီး အနှစ်
(၂) သောင်းတမ်းတွင် ကဿပ မြတ်စွာဘုရား ပွင့်တော်မူသည်။ အန္တရကပ်
တစ်ကပ်ခြားပြီး (အစဉ်အတိုင်းဆိုရလျှင်) (၁) သောင်းတမ်း တွင် ဂေါတမ
မြတ်စွာဘုရား ပွင့်ထိုက်သည်ဟုဆိုရန်ရှိပေသည်။ သို့သော် ပါရမီကံ
အဆောက်အဦ မရင့်သန်သေး၍ မပွင့်နိုင်သေးချေ။ (၁) သောင်းတမ်းမှာပင်
မဆိုထားဘိ၊ (၅) ထောင်တမ်း၊ (၁) ထောင်တမ်း၊ (၅) ရာတမ်း၊ (၂) ရာတမ်း
အစရှိသည်တို့မှာပင် မပွင့်နိုင်သေးပေ။ အကြောင်းမှာ
ပါရမီတော်များကို ဖြည့်ကျင့်ရန်ကိစ္စများမှာ အနှစ်
(၁)ရာတမ်းရောက်စပြုနေပြီဖြစ်သည့် ဝေဿန္တရာမင်းဘ၀အထိ အဆုံးသတ်
ပြုကျင့်နေရသေး၍ဖြစ်ပေသည်။ ထိုဘ၀ ထိုအခါမှ ပါရမီတော်များ ပြီးပြည့်စုံအောင် ရင့်ကျက်သွားပြီဖြစ်ပါသည်။ ဤဘ၀ကျမှ
ပါရမီဖြည့်ကျင့်ခြင်းကိစ္စ အဆုံးသတ်သွားသည်။
ဂေါတမ ဘုရားလောင်းသည် လူ့ဘ၀အဖြစ် ဝေဿန္တရာမင်းကြီးက
နောက်ဆုံးပါရမီဖြည့်ခဲ့ပြီးနောက် တုသိတာ နတ်ပြည်၌ အလောင်းတော် သေတ
ကေတုနတ်သားဖြစ်လေသည်။ ထိုမှာ နတ်တို့သက်တမ်း (၄၀၀၀)
(လူတို့သက်တမ်းဖြင့် ၄၀၀၀
x ၁၄၄၀၀၀ = ၅၇၆၀၀၀၀၀၀၀၀ လူနှစ်ပေါင်း
ငါးဆယ့်ခုနှစ်ကုဋေခြောက်သန်း) ကြာကာမှလူ့ပြည်သို့
သိဒ္ဒတ္တမင်းသားဖြစ်ရန် မယ်တော်မာယာ၏ ၀မ်းကြာတိုက်တွင် တည်လေသည်။
