|
ဗုဒ္ဓနှစ် (၂၆၀၀)ပြည့်
ကြိုတင်ပူဇော်ပွဲ အထိမ်းအမှတ်
ယခု လက်ကမ်းစာစောင်ပါ
အကြောင်းအရာအားလုံးသည် သာသနာရေးဝန်ကြီးဌာနမှ စိစစ်ပြီး
ခွင့်ပြုချက်ရရှိပြီး၊ စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ရရှိထားသော
စာအုပ်များမှ အကြောင်း အရာများကို ထုတ်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားရှင်သည်
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်ညနေမှာ မာရ်နတ်ကိုအောင်တော်မူပြီး
ညဥ့်ဦးယံမှာ ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိ
(ပထမ၀ိဇ္ဇာ)ဥာဏ်တော်ကို ရရှိတော်မူသည်။ သန်းခေါင်ယံမှာ ငရဲမှစ၍
နတ်ဗြဟ္မာလောကရှိ သတ္တ၀ါ ဟူသမျှကိုမြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခု
(ဒုတိယ၀ိဇ္ဇာ)ဥာဏ်တော်ကို ရရှိတော်မူ၏။ မိုးသောက်ယံမှာ
ကိလေသာအငွေ့အသက်မကျန် ခန်းခြောက်စေသော အာသ၀က္ခယ (တတိယ၀ိဇ္ဇာ)ဥာဏ်တော်ကို
ရရှိတော်မူ၏။ ကဆုန်လပြည့်ကျော်(၁)ရက်နေ့ အရုဏ်မတက်မီအချိန် လေးမှာပင်
သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိတော်မူကာ ဘုရားဖြစ်တော်မူ၏။
မြန်မာသက္ကရာဇ် (၁၃၇၃)ခု၊
ကဆုန်လပြည့်ကျော် (၁)ရက်၊ ခရစ်နှစ် (၂၀၁၁)ခု၊ မေလ (၁၈)ရက်မှာ
ဗုဒ္ဓသာသနာတော်နှစ် (၂၅၅၅)ခုသို့စတင်ရောက်ရှိတော့မည် ဖြစ်ပါသည်။ ထိုဗုဒ္ဓ
သာသနာတော်နှစ်သည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃)လအကြာမှာ
အရှင်မဟာကဿပ၊ အရှင်အာနန္ဒာနှင့် ဘုရင်မင်းမြတ်အဇာတသတ်တို့ ပူပေါင်းကာ
ပထမ သင်္ဂါယနာတင်တော်မူစဉ် ကစ၍ ဗုဒ္ဓသာသနာတော်နှစ် (၁)ဟူ၍
စတင်ရေတွက်ခြင်းမှ အစပြုခဲ့ပါသည်။ ထိုကဲ့သို့ (၁)၊ (၂)၊ (၃) . . .
ဆိုပြီး ရေတွက်လာခဲ့သည်မှာ ယခုဆိုလျှင် ဗုဒ္ဓသာသနာတော် (၂၅၅၄)နှစ်ကုန်
ခါနီး၍ (၂၅၅၅)ခုသို့ စတင်ရောက်ရှိတော့မည် ဖြစ်ပါသည်။
ထိုသို့ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး
(၂၅၅၅)ခုနှစ်သို့ စတင်ရောက်ရှိတော့မည့်နှစ်မှာ မြတ်စွာဘုရားရှင်
တရားတော်ဟောပြောတော်မူချိန် (၄၅)၀ါကိုထည့်ပေါင်းပါက (၄၅+၂၅၅၅) =၂၆၀၀
ပြည့်နှစ်သို့ စတင်ရောက်ရှိတော့မည် ဖြစ်ပါသည်။ ၎င်းင်း (၂၆၀၀)
ပြည့်နှစ်သည် ဗုဒ္ဓမြတ်စွာဘုရားပွင့်တော် မူချိန် (အတိုကောက်)
"ဗုဒ္ဓနှစ်" (၂၆၀၀)ပြည့်နှစ်ပင် ဖြစ်ပါသည်။ ဤကဲ့သို့သော ထောင်စုနှစ်
ရာစုနှစ်တို့သည် ထူးခြားစွာ ကျွတ်တမ်းဝင်ကြမည့်နှစ်ကို
ဖြတ်သန်းသွားကြစမြဲ ဖြစ်၏။
၎င်းင်းကိုကြိုတင်ပူဇော်ခြင်း
အထိမ်းအမှတ်အဖြစ် ကျွန်တော် ခင်မောင်အေးသည် လွန်ခဲ့သော
(၁၀)နှစ်ကျော်ကတည်းက ဘော်ဒါ၊ ခင်မောင်အေး
(သင်္ချာ)ကိုယ်ပိုင်နည်း ပြ သင်တန်းတို့ကို အောင်မြင်နေစဉ်
ကာလအတွင်းမှာပင် အနားယူကာ ခင်မောင်အေး(သင်္ချာ) စာအုပ်ထုတ်ဝေရေး
တစ်ခုတည်းဖြင့် စီးပွားရှာခဲ့သည်။
ထိုသို့ စီးပွားရေးလုပ်ငန်းတစ်ဝက်ကို
ရပ်နားအပြီးမှာ။ (၂၈)ဆူဗုဒ္ဓ၀င်နှင့် ရှင်းလင်းချက်များစာအုပ်
၃၂၀၅၁၈၀၆၀၈
၂။ ရောင်စုံရုပ်ပြပဋ္ဌာန်း
(၂၄)ပစ္စည်းရှင်းလင်းချက်များစာအုပ် ၃၂၀၅၂၈၀၆၀၈
၃။ သောတာပန်ဆုပန်ချမ်းသာမှုစံစာအုပ် ၃၂၀၂၁၆၀၃၀၈
၎။ လူဖြစ်ကျိုးနပ်ဖို့သောတပန်သို့စာအုပ် ၀၃၈၄၃/၀၂၄၀၅
၅။ ဂုဏ်တော် (၉)ပါးရုပ်စုံပြ ၆၀၀၆၃၃၁၂၁၀
ကြားကာလများမှာ ပိုစတာများအဖြစ်
၁။ (၂၈)ဆူဗုဒ္ဓ၀င်နှင့်ရှင်းလင်းချက်များ
၃၇၈/၂၀၀၂(၁၂)
၂။ ရောင်စုံရုပ်ပြပဋ္ဌာန်း ၀၃၈၄၃/၀၂၄၀၅
၃။ ဗုဒ္ဓဂုဏ်တော် (၉)ပါးနှင့်ရောင်ခြည်တော် ၃၄၀၁၂၉၀၆၀၈
၎။ အတုလဗုဒ္ဓမြတ်စွာဘုရား ၃၄၀၄၂၈၀၉၀၉
၅။ မြတ်စွာဘုရားရှင်၏ ၀ဲဘက်ပါဒ ခြေတော်ရာ ၃၄၀၄၅၈၁၀၀၉
၆။ ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချကန်တော့ပုံ ၃၄၀၄၅၆၁၀၀၉
၇။ ဗုဒ္ဓဂုဏ်တော် (၉)ပါးရုပ်စုံပြ ၃၄၀၁၄၇၁၂၁၀ ပိုစတာကားချပ်များကို
စာပေစိစစ်ရေးမှထုတ်ဝေခွင့်ရရှိကာ ထုတ်ဝေဖြန့်ချိ လှူဒါန်းခဲ့ပါသည်။
အထက်ပါစာအုပ်များ၏ ရည်ရွယ်ချက် (အကျဉ်းချုပ်)
၁။ ဗုဒ္ဓဘာသာဝင်ဖြစ်လာလျှင်
ဂေါတမမြတ်စွာဘုရားရှင်၏ ဗုဒ္ဓ၀င်အပြင် (၂၈)ဆူ ဗုဒ္ဓ၀င်အကျဉ်း ကိုပါ
သိထားသင့်ပါသည်။
၂။ မြတ်စွာဘုရားရှင်ဟောကြားတော်မူသော ပိဋကတ် (၃)ပုံအနက်
အဘိဓမ္မာတရားတော်သည် အမြင့်ဆုံးဖြစ်၏။ ၎င်းင်းတရားတော်မှာ
(၇)ကျမ်းရှိသည့်အနက် ပဋ္ဌာန်းတရားတော်သည် ပို၍ တန်ခိုးကြီး၏။
မြတ်စွာဘုရားရှင်သည်ပင် ၎င်းင်းပဋ္ဌာန်းတရားတော်ကို ဆင်ခြင်တော်မူခါမှ
တန်ခိုး တော်အနန္တကြောင့် ရောင်ခြည်တော် (၆)သွယ်ကွန့်မြူးလာရကြောင်း
"ရောင်စုံရုပ်ပြပဋ္ဌာန်း"မှာ အကျယ်တ၀င့် ရှင်းပြထားပါသည်။
ထိုပဋ္ဌာန်းတရားတော်၏ အကျဉ်းချုပ်ဖြစ်သည့် (၂၄)ပစ္စည်း၏ အဓိပ္ပာယ်ကို
သိနားလည်လွယ်စေရန် ရုပ်ပုံ (၃၂)ပုံ ဖြင့်ရှင်းလင်းတင်ပြထားပါသည်။
၃။ ဗုဒ္ဓဘာသာဝင်ဖြစ်လာလျှင် အမြင့်ဆုံးဖြစ်သည့် နိဗ္ဗာန်ဆုကိုတောင်းကြ၏။
ထိုနိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ဖို့သည် အနိမ့်ဆုံးသောတာပန်ဖြစ်ဖို့သည်
ပထမဦးဆုံး အခြေခံအကျဆုံးအဆင့် ဖြစ်သည်။ ထို့ကြောင့်
သောတာပန်ဖြစ်လိုစိတ်များ ထက်သန်လာစေရန် "သောတာပန်ဆုပန် ချမ်းသာမှုစံ"
စာအုပ်ကို ထုတ်ဝေဖြစ်ခဲ့ပါသည်။
၎။ ထိုမှတစ်ဆင့် လူရယ်လို့ဖြစ်လာပါလျှင် လူဖြစ်ကျိုးနပ်ဖို့
အလွန့်အလွန် အရေးကြီးပါသည်။ လူဖြစ်ကျိုးနပ်ဖို့ဆိုတာ
"သောတာပန်"ဖြစ်ဖို့ ရည်ရွယ်မှ (ဦးတည်မှ) သာလျှင်
လူဖြစ်ကျိုးနပ်ပါမည်။ ထို့ကြောင့် "လူဖြစ်ကျိုးနပ်ဖို့ သောတာပန်သို့"
စာအုပ်ကို ထုတ်ဝေလှူဒါန်းဖြစ်ပါသည်။
၅။ "မဟာသောတာပန်"ဖြစ်ဖို့ဆိုတာ အန္ဓပုထုဇဉ်မှသည် ကလျာဏပုထုဇဉ်၊
ထိုမှစူဠ သောတာပန်ဆိုပြီး အဆင့်ဆင့်တက်ရပါမည်။ တရားစခန်းများသို့
ဝင်ရောက်ကျင့်ကြံ အားထုတ် မှသာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပါရမီအလျောက်
မြင့်တက်သွားရပါမည်။ ပုထုဇဉ်ဘက်ကမ်းမှ အရိယာဘက်ကမ်းသို့
ကူးပြောင်းနိုင်ဖို့သည် ချဉ်းကပ်လမ်းသည် အလွန်အရေးကြီးလှသည်။
ထို့ကြောင့် ကမ္မဋ္ဌာန်းမဏ္ဍိုင်ကြီးဖြစ်သော ဗုဒ္ဓါနုဿတိဘာဝနာသည်
တံတားချဉ်းကပ်လမ်း၊ လေယာဉ်ပြေးလမ်းကဲ့သို့ အရှိန်ယူရမည့် တစ်ခုတည်းသော
နုဿတိဘာဝနာပင်ဖြစ်သည်။အိပ်ယာမ၀င်မီ၊ အိပ်ယာထချိန်၊ အားချိန်၊ နားချိန်၊
စက္ကန့်ပိုင်းလေးပင် ဖြစ်လင့်ကစား ဗုဒ္ဓါနုဿတိ ဘာဝနာသည်
ကြိုက်သည့်အချိန်မှာ နှလုံးသွင်းပွားများ၍ အကောင်းဆုံးဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓါနုဿတိဘာဝနာမြောက်ပါစေခြင်းအကျိုးငှာ
(၇)နှစ်သားကလေးပင် နားလည် သဘောပေါက်စေရန် "ဂုဏ်တော်(၉)ပါးရုပ်စုံပြ"
ပန်းချီကား (၁၈)ပုံဖြင့် ရှင်းပြထားသော စာအုပ် ကိုထုတ်ဝေဖြန့်ချိ
ပူဇော်ခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း (ဗုဒ္ဓကျင့်စဉ်ကို
စိတ်ဝင်စားသူတိုင်း) သောတာပန်အရိယာ ဖြစ်စေလိုသော စိတ်ဆန္ဒများ
ပြင်းပြလာပါစေခြင်းအကျိုးငှာ ကျွန်တော် ခင်မောင်အေးမှ
အဆင့်ဆင့်စာအုပ်များ ထုတ်ဝေဖြန့်ချိလှူဒါန်းပြီး ကြိုးစားလာခြင်းသည်
(၁၀)နှစ်ကျော်သွားပြီ ဖြစ်ပါသည်။ ယခုလူငယ်လူရွယ်များကို
"သောတာပန်လောင်းများ"ဖြစ်လာစေရန် ရည်ရွယ်၍ ထိုစာအုပ် များကို
တွင်ကျယ်စွာ ဖတ်ရှုလေ့လာကျင့်ကြံလာနိုင်စေရန်
"Seen Question"
ကဏ္ဍကိုဖွင့်ချလိုက် ရခြင်း ဖြစ်ပါသည်။
"သောတာပန်လောင်း" ဆိုသည်မှာ
သောတာပန်ကြီး
ဖြစ်လိုစိတ်ကိုမွေးမြူလိုက်ခြင်း ဖြစ်ပါသည်။ "သောတာပန်ဆုပန်သူ"
ဟူ၍လည်း အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာဝင်ပီပီ နိဗ္ဗာန်ဆုကို တောင်းခြင်းပင်
ဖြစ်သည်။ အမြင့်ဆုံးဆုဖြစ်သည့် "နိဗ္ဗာန်" ၏ အခြေခံအုတ်မြစ် ဖြစ်သည့်
(အနိမ့်ဆုံးအရိယာဖြစ်သည့်) "သောတာပန်"ကိုရည်ရွယ်လိုက်ခြင်းပင်
ဖြစ်သည်။
"သောတာပန်လောင်း" ဖြစ်ချင်ခြင်းသည်
အလွန်မြင့်သည်ဟု ထင်ကောင်းထင်ရပါမည်။ အမှန်မှာ ဗုဒ္ဓဘာသာဝင်တိုင်း
(ဗုဒ္ဓကိုစိတ်ဝင်စားသူတိုင်း၊ ဗုဒ္ဓကျင့်စဉ်ကိုအားကျသူတိုင်း)သည်
သောတာပန်ဖြစ်ရန် ကြိုးစားအားထုတ်ရန် ပထမဦးဆုံးခြေလှမ်းပင် ဖြစ်သည်။
သောတာပန်ဖြစ်ရန် "သောတာပန်လောင်း"
ဖြစ်ရပါမည်။ ရှင်ဖြစ်ရန် "ရှင်လောင်း" ဖြစ်ရမည်။
ရှင်လောင်းဖြစ်တိုင်းလည်း သံဃာမဖြစ်ကြပါ။ အမတ်ဖြစ်ရန် "အမတ်လောင်း"
အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကြရသည်။ ရွေးကောက်ပွဲဝင်ပြိုင်ကြသည့်
အမတ်လောင်းတိုင်း အမတ် ဖြစ်မည် မဟုတ်သေးပေ။ ထို့အတူ
"သောတာပန်လောင်း"တို့သည် မဟာသောတာပန်ကြီး ဖြစ်မသွားသေးပေ။
သူ၏ဖြည့်ကျင့်သည့် ပါရမီအပေါ်မူတည်ပြီး ကလျာဏပုထုဇဉ်၊ စူဠသောတာပန်၊
မဟာသောတာပန်ဟူ၍ အဆင့်ဆင့်တက်လှမ်းရပေမည်။
ထို့ကြောင့်
"သောတာပန်လောင်း"ဆိုသည်မှာ သောတာပန်ဖြစ်ရန်ကြိုးစား အားထုတ်နေသူ
ဖြစ်သည့်အတွက် မဟာသောတာပန်ဖြစ်ခြင်း မဖြစ်ခြင်းသည် ထိုသူ၏ ပါရမီအရသာ
ရောက်ရှိ ရမည့်သူ ဖြစ်ပေသည်။ ထို့ကြောင့်လူသားတိုင်း
(ဗုဒ္ဓဘာသာဝင်တိုင်း) "သောတာပန်လောင်း"ဖြစ် ခွင့်ရှိသည်။
ကြိုးစားအားထုတ်မှု လျော့လျှင်လည်းကောင်း၊ ဖြည့်ကျင့်သည့်
ပါရမီမပြည့်သေးလျှင် လည်းကောင်း၊ မဟာသောတာပန်မဖြစ်သေးဘဲ
စူဠသောတာပန်ဖြင့် နောက်ဘ၀မှာဆက်လက်၍ ပါရမီဖြည့်ကျင့်ရပေဦးမည် ဖြစ်သည်။
ကြိုးစားအားထုတ်ပြီး ပါရမီပြည့်သွားလျှင် မဟာသောတာ ပန်ကြီးဖြစ်သွားကာ
အပါယ်ငရဲသို့ လုံးဝ (လုံးဝ)မကျတော့ဘဲ (အလွန်ဆုံး) (၇)ဘ၀မြောက်မှာ
နိဗ္ဗာန်သို့ဆိုက်ရောက်ရတော့မည် ဖြစ်ကြောင်း စေတနာမေတ္တာဖြင့်
ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါသည်။
ဗုဒ္ဓနှစ်
(၂၆၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ
Seen Question ကြိုတင်သိပြီး မေးခွန်း (ပထမပိုင်း) (၁)မှတ်တန်မေးခွန်း
၁။ မြတ်စွာဘုရားရှင်တို့သည် အဘယ်ကြောင့်
တက်ကပ်မှာမပွင့်ဘဲ ဆုတ်ကပ်မှာသာ ဘုရားပွင့်တော် မူရသနည်း။ ရှင်းပြပါ။
(၁ မှတ်)
၂။ လူ့သက်တမ်းတစ်သိန်းနှင့် တစ်ရာအကြားမှာသာ
ဘုရားပွင့်ရခြင်းအကြောင်းရင်းကို ရှင်းပြပါ။ (၁ မှတ်)
၃။ မိမိအတွက်ပြည့်စုံပြီးမှ အများချမ်းသာဖို့ တိပိဋကဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသကို ဥပမာပြ ရှင်းပြပါ။ (၁ မှတ်)
၎။ နခသိခသုတ်အရ သုဂတိဘုံသားလူနှင့် အပါယ်လေးဘုံသားအချိုးကို ဖော်ပြပါ။
(၁ မှတ်)
၅။ အင်္ဂုလိမာလမဖြစ်သေးခင် တပည့်ကောင်းအဟိံသကနှင့် ဆရာတို့ကို ထိုအချိန်က
မြတ်စွာဘုရားရှင် သည် အဘယ်ကြောင့် ချေချွတ်ခြင်း မပြုခဲ့သနည်း။ (၁
မှတ်)
၆။ သူတော်ကောင်းတရား (၇)ပါးနှင့် သူတော်ကောင်းဥစ္စာ (၇)ပါးတို့ကို
အဓိပ္ပာယ် အကျဉ်းဖြင့် ဖော်ပြပါ။ (၁ မှတ်)
၇။ အဇာတသတ်မင်းသည် အဘယ်ကြောင့် မဟာအ၀ီစိငရဲသို့မကျဘဲ လောဟကုမ္ဘီငရဲ၌သာ
ကျခဲ့ရ ကြောင်း ရှင်းပြပါ။ (၁ မှတ်)
၈။ မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော်တို့သည် ဘယ်အချိန်မှာ အဘယ်ကြောင့်
ကွန့်မြူးလာရ ပါသနည်း။ (၁ မှတ်)
၉။ လု လူ လူး ကိုအတိုချုံးရှင်းပြပါ။ (၁ မှတ်)
၁၀။ ပဋ္ဌာန်းကျမ်းကြီး လူ့ပြည်သို့ရောက်ရှိပျံ့နှံ့လာပုံအဆင့်ဆင့်ကို
ဖော်ပြပါ။ (၁ မှတ်)
၁၁။လောက၀ိဒူ= -----------(သတ္တလောက)------------(သြကာသလောက)
-----------(သင်္ခါရလောက) -----------ကို ဘုရားရှင်က သိတော်မူ၏။
ကွက်လပ်ဖြည့်ပါ။ (၁ မှတ်)
၁၂။မြတ်စွာဘုရားရှင်သည် မည်သည့်နေရာမည်သည့်အချိန်၌ မည်သည့်တရားတော်ကို
(၁၂၆၀)နာရီပတ်လုံး တစ်စက္ကန့်မျှ မနားဘဲ ဟောကြားတော်မူခဲ့သနည်း။ (၁
မှတ်)
၁၃။ သူဌေးပဂေးကြီးတွေနှင့် နတ်တို့သည် ဘယ်အချိန်မှာ
ဆင်းရဲဒုက္ခကြီးမားကြသနည်း။(၁ မှတ်)
၁၄။ ပဋ္ဌာန်းတရားတော်အပါအ၀င် အဘိဓမ္မာတရားတော်ကို အဘယ်ကြောင့်လူ့ပြည်မှာ
မဟောဘဲ နတ်ပြည်မှာဟောရသနည်း။ (၁ မှတ်)
၁၅။ ဂေါတမဘုရားရှင်သည် အနှစ်(၁)သောင်းတမ်းတွင် မပွင့်ဘဲ အနှစ်
(၁၀၀)တမ်းမှာသာ အဘယ်ကြောင့် ပွင့်တော်မူရသနည်း။ (၁ မှတ်)
၁၆။ တတိယတန်းစား (နေယျပုဂ္ဂိုလ်)သည် မည်ကဲ့သို့ တရားရနိုင်ပါသနည်း။ (၁
မှတ်)
၁၇။ ရဟန္တာသည် ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ မည်ကဲ့သို့ ခံစားရသနည်း။
"မိထွေးတော် ဂေါတမီ" ဥပမာဖြင့် ရှင်းပြပါ။ (၁ မှတ်)
၁၈။ မြတ်စွာဘုရားရှင်သည် အရှင်အင်္ဂုလိမာလကို ရဟန္တာဖြစ်စေပြီးသောအခါ
မည်သူတွေပါချမ်းသာ စေပြီး အကျွတ်တရား ရကြစေသနည်း။ (၁ မှတ်)
၁၉။ပါယာသိမြို့စားမင်းကို အကြောင်းပြု၍ မည်သူ၏အလှူကပို၍သာလွန်ကြောင်း
တင်ပြပါ။(၁ မှတ်)
၂၀။ ၀ိဇ္ဇာ (၃)ပါးနှင့် ၀ိဇ္ဇာ(၈)ပါးဟူ၍ အဘယ်ကြောင့်ကွဲပြားရသနည်း။ ၀ိဇ္ဇာ
(၈)ပါးလုံးကို အတိုချုံးပြီး ရှင်းပြပါ။ (၁ မှတ်)
၂၁။ ပုထုဇဉ်တိုင်းသည် တရားစခန်းဆေးရုံမှာ အဘယ်ကြောင့်ကုသသင့်သနည်း။ (၁
မှတ်)
၂၂။ ပဋ္ဌာန်းကျမ်းသည် ဗုဒ္ဓသာသနာတော်အတွက်
အဘယ်ကြောင့်ရှေ့တန်းမဟာခံတပ်ကြီး ဖြစ်ရသနည်း။ (၁ မှတ်)
၂၃။ တရားအားထုတ်သူအတွက် အင်္ဂါ (၅)ပါး ဖော်ပြပါ။ (၁ မှတ်)
၂၄။ မဟာဓနသူဌေးသားသည် ကံကောင်းပါလျက် အဘယ်ကြောင့် မဂ်ဖိုလ်နှင့်
လွဲရပါသနည်း။ (၁ မှတ်)
၂၅။ သောတာပန်ချမ်းသာအကြောင်းကို လယ်တီဆရာတော်ဘုရားကြီး၏
ကမ္မဋ္ဌာန်းကျမ်းကြီးမှ ကောက်နုတ်တင်ပြပါ။ (၁ မှတ်)
၂၆။ သြကာသ၊ သြကာသ၊ သြကာသ၏ အဓိပ္ပာယ်နှင့် သာဓု၊ သာဓု၊ သာဓု၏ အဓိပ္ပာယ်ကို
ဖော်ပြပါ။ (၁ မှတ်)
၂၇။ ဗုဒ္ဓဘာသာဝင်များသည် ထိခြင်းငါးပါးဖြင့် ဦးချကြ၏။
၎င်းင်းထိခြင်းငါးပါးတို့သည် မည်သည် တို့နည်း။ (၁ မှတ်)
၂၈။ သီရိဓမ္မာမဟာသောကမင်းကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀၀)ကျော်က
ဘုရားရှင်၏ ဓာတ်တော်တိုက်ရှိ အရှင်မဟာကဿပမထေရ် ရေးထိုးထားသည့်
ရွှေပြားပေါ်မှစာတန်းကို ဖတ်ရှုခွင့်ရ၍ အားရ၀မ်းသာဖြစ်ကာ
လက်ခမောင်းခတ်ခဲ့၏။ ၎င်းင်းစာသားကိုဖော်ပြပါ။ (မဟာဗုဒ္ဓ၀င်မှ) (၁ မှတ်)
၂၉။ ဥပါသကာရှောင်ရှားသော အသက်မွေးမှု၊ မိစ္ဆာကုန်သွယ်ခြင်း (၅)မျိုးကို
ဖော်ပြပါ။ (၁ မှတ်)
၃၀။ မည်ကဲ့သို့သောနတ်များသည် အဘယ်ကြောင့် အပါယ်(၄)ဘုံသို့သွားကြရသနည်း။
(၁မှတ်)
၃၁။ အလင်းနှစ် (၅၀၀)ကွာဝေးသောကြယ်တစ်လုံး၏ အကွာအဝေးကို မိုင်ဖြင့်
ဘီလီယံပေါင်း သန်းဂဏန်းအထိ (အမြေŽာက်လက္ခဏာမပါဘဲ)အဖြေတွက်ပြပါ။ (၁ မှတ်)
၃၂။ မြတ်စွာဘုရားရှင်သည် ဗုဒ္ဓဟူသောအမည်ရတော်မူပုံကို ရှင်းပြပါ။ (၁
မှတ်)
၃၃။ သမ္ဗုဒ္ဓ၊ သမ္မာဗုဒ္ဗ၊ (သမ္ဗုဒ္ဓ+သမ္မာဗုဒ္ဓ)တို့ကို ရှင်းပြပါ။ (၁ မှတ်)
(ဒုတိယပိုင်း)
(၂)မှတ်တန်မေးခွန်း
၁။ (၂၆၀၀)ပြည့်နှစ် (၅)မျိုးကို ခုနှစ်၊
လ၊ ရက်တို့ဖြင့် ဖော်ပြပါ။ (၂ မှတ်)
၂။ မြတ်စွာဘုရားရှင်၏ ဦးခေါင်းတော် (ဆံတော်)မှ လည်ပင်းတော်အထိ
လက္ခဏာတော်များ ကို ဖော်ပြပါ။ (၂ မှတ်)
၃။ မြန်မာပြည်သည် ဗုဒ္ဓတရားတော်နှင့် ပတ်သက်လျှင် ကမ္ဘာမှာ အထွတ်အထိပ်
ရောက်နေ ကြောင်း တင်ပြပါ။
အဘယ်ပုဂ္ဂိုလ်တွေကြောင့်ရောက်ရသလဲ (သိသလောက်) ရှင်းပြပါ။ (၂ မှတ်)
၎။ နိဗ္ဗာန်အကြောင်းကို ခပ်ရေးရေးမှမျက်ဝါးထင်ထင် (မျက်မှောက်ပြု)
မြင်နိုင်ကြောင်း
ဘာဖြစ်မှရပါမည်နည်း၊ အဆင့်ဆင့်ရှင်းပြပါ။ ထို့ကြောင့်
နိဗ္ဗာန်ကိုသာဦးညွှတ်ပြီး ရယူ
လိုကြောင်း ဆုပန်ပြီး ကြိုးစားလျှင်၊ ကြားချမ်းသာတွေပါ ရနိုင်ကြောင်း
ရှင်းပြပါ။ (၂ မှတ်)
၅။ မြတ်စွာဘုရားသည် တစ်ချက်ခုတ်လိုက်လျှင်
အချက်ပေါင်းသောင်းသိန်းကုဋေချီပြီး ပြတ်စေ၏။ တစ်ဦးတစ်ယောက်ကို
ချေချွတ်လိုက်လျှင် သောင်း၊ သိန်း၊ သန်း၊ ကုဋေချီပြီး ကျွတ်တမ်းဝင်
ကြ၏။ ထိုအချက်ကိုပေါ်လွင်စေရန် အာဠ၀ကဘီလူးကို မည်မျှအချိန်ကုန်ခံပြီး
ချေချွတ်တော် မူခဲ့ရာ မည်သို့သောသတ္တ၀ါများ မည်မျှထိ
ကျွတ်တမ်းဝင်ခဲ့ကြသနည်း။
(၂ မှတ်)
၆။ ကိလေသာ (၁၀)ပါးကိုဖော်ပြပြီး ၎င်းင်းမှကိလေသာ (၁၅၀၀)ဖြစ်ပေါ်ပုံကို
တွက်ချက် ပြပါ။ (၂ မှတ်)
၇။ မဟာသောတာပန်ကြီးဖြစ်နိုင်ရန် နည်းလမ်း (၈)သွယ်ကို တင်ပြပါ။ (၂ မှတ်)
၈။ အတိတ်ကံနှင့် ယခုပစ္စုပ္ပန်ကံကောင်းခြင်းတို့ကို ရေတွင်းဥပမာ
(၄)ချက်ဖြင့် ဖော်ပြပါ။ (၂ မှတ်)
၉။ ညောင်စေ့လောက် လှူနိုင်ပြီး ညောင်ပင်ကြီးလောက် အကျိုးရ၏။
ညောင်ပင်ကြီးလောက် လှူနိုင်ပြီး ညောင်စေ့လောက်သာ အကျိုးရနိုင်ကြောင်း
ဥပမာပေးဖြေဆိုပါ။ (၂ မှတ်)
၁၀။ မြတ်စွာဘုရားရှင်သည် တရားနာပုဂ္ဂိုလ်၏ ပါရမီအခြေခံကိုကြည့်ပြီး ဒါန၊
သီလ၊ နတ်ရွာ သုဂတိတရားမှစ၍ နောက်ဆုံးသစ္စာလေးပါးကို ဟောတော်မူရာ အရိယာ၊
သာဝကများ ဖြစ်သွားကြပုံကို ရှင်းပြပါ။ (၂ မှတ်)
၁၁။ သုဘူတိထေရ အပဒါန်အရ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများရခြင်း၊
အကျိုးကိုတင်ပြပါ။
ထိုပုဂ္ဂိုလ်အကျိုးရရှိပုံသည် ဘာကြောင့်ကောင်းရသလဲ။ မိမိတို့သည်
ထိုပုဂ္ဂိုလ်လောက် မျှော်ကိုး၍ မဖြစ်နိုင်ကြောင်း ရှင်းပြပါ။ (၂ မှတ်)
၁၂။ ဂေါတမဘုရားလောင်းသည် (၂၄)ဆူသောဘုရားများထံမှ နိယတဗျာဒိတ်
ရရှိတော်မူခဲ့၏။ ထိုဘုရားများကို အစဉ်လိုက်ဖော်ပြပါ။ သို့သော်
(၂၈)ဆူပူဇော်ပွဲမှာ အဘယ်(၄)ဆူ ပါဝင်နေ သနည်း။ ဖော်ပြပါ။ (၂ မှတ်)
၁၃။ ဗုဒ္ဓသာသနာအလံသည် မည်သည်ကိုအခြေခံပြီး ဖော်ကျူးထားသနည်း။
ထိုအရောင်တို့ကို ဖော်ပြပါ။ ပြိုးပြိုးပြက်ပြက်သည် မည်သည့်အရောင်များ
ပါဝင်သနည်း။ ထိုအလံကို မည်သူတီထွင်သနည်း။ (၂ မှတ်)
၁၄။ ဂင်္ဂါမြစ်ထဲမှ သဲစုမကပွင့်တော်မူခဲ့သော ဘုရားရှင်ပေါင်းအရေအတွက်ကို
စာအုပ်ထဲက အတိုင်းမဟုတ်ဘဲ (အဆင့်မကျော်ဘဲ)တွက်ပြပါ။ (၂ မှတ်)
၁၅။ အပါယ် (၄)ဘုံအနက် တိရစ္ဆာန်တွေဆင်းရဲပုံကို အကျဉ်းချုံးပြီး
(ဗလာစာတစ်မျက်နှာခန့်) ရှင်းပြပါ။ (၂ မှတ်)
၁၆။ အရဟံ-လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့က
ဝပ်စင်းကော်ရော်ပူဇော်ခဲ့ကြ၏။ လူမင်းတို့ အစဉ် အဆက် ပူဇော်ခဲ့ကြပုံကို
ဖော်ပြပါ။ (၂ မှတ်)
၁၇။ မဂ္ဂင် (၈)ပါးကို သိက္ခာသုံးပါးဖြစ်သော သီလ၊ သမာဓိ၊ ပညာဟူ၍မည်ကဲ့သို့
ခွဲခြမ်းသနည်း။ ပိဋကတ် (၃)ပုံကို ထိုသိက္ခာ(၃)ပါးဖြင့် ခွဲခြမ်းပြပါ။ (၂
မှတ်)
၁၈။ ဂေါတမမြတ်စွာဘုရားအလောင်းတော် ဒုက္ကရစရိယာကျင့်ချိန် (၅)နှစ်
(၈)လဖြစ်ရပုံကို တိကျစွာတွက်ချက် ပြပါ။ (၂ မှတ်)
၁၉။ သီလစင်ကြယ်ခြင်းသည် မဟာဒါနဖြစ်ကြောင်းရှင်းပြပါ။ (၂ မှတ်)
၂၀။ ဒါနမှသီလ၊ သီလမှ သမထ၀ိပဿနာဘာဝနာသို့ အထောက်အပံ့ပြုပြီး မဟာသောတာပန်
ထိ ဖြစ်နိုင်ကြောင်းကို ရှင်းပြပါ။ (၂ မှတ်)
၂၁။ မြင်းထိန်းဆရာကေသိသည် မြင်းများကိုဆုံးမပုံ ရှင်းပြပါ။ ထို့အတူ
မြတ်စွာဘုရားရှင်သည် လည်း ဆိုဆုံးမခဲ့၏။ ဗုဒ္ဓ၏ အသေသတ်နည်းကို
ပိုမိုပေါ်လွင်စေရန် ဦးရီးတော်နှင့် ဖွားဖက် တော်တို့
အကျိုးသက်ရောက်ပုံတို့ကို အတိုချုံ့ ရှင်းပြပါ။ (၂ မှတ်)
၂၂။ ပုထုဇဉ်တို့သည် အဘယ်ကြောင့် ငရဲပြည်သို့ အိမ်ပိုင်ယာပိုင်ကဲ့သို့
ပြန်ပြန်ကျနေကြရသနည်း။ ငရဲပြည်သို့ကျပြီးလျှင် မည်သူကဲ့သို့
ခက်ခဲဦးမည်နည်း။
၂၃။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် မည်သည့်အချိန်ကာလ၌ ဘုရားရှင်
မည်သို့ဟောတော် မူလိုက်ရာ သောတာပတ္တိဖိုလ်၌ တည်လေသနည်း။ (မဟာဗုဒ္ဓ၀င်မှ)
(၂ မှတ်)
၂၄။ အရဟံ ဂုဏ်တော်အဖွင့်အဓိပ္ပါယ် (၅)မျိုး + (၆)မျိုးတို့ကို ဖော်ပြပါ။
(၂ မှတ်)
၂၅။ "အတ္တုက္ကံသန၊ ပရ၀မ္ဘန"၏ အဓိပ္ပာယ်ကို ရှင်းပြပါ။ (၂ မှတ်)
၂၆။ ဗုဒ္ဓါနုဿတိပွားများခြင်းသည် နိဗ္ဗာန်ရောက်ကြောင်း မဏ္ဏိုင်ကြီး
စိတ်ဓာတ်ခွန်အား အတု မရှိ ဘာဝနာဖြစ်ကြောင်း အကျဉ်းချုံ့ပြီး တင်ပြပါ။
(၂ မှတ်)
(တတိယပိုင်း)
(၃)မှတ်တန်မေးခွန်း
၁။ မြတ်စွာဘုရားသည် ကြမ်းတမ်းခက်ထန်ပြီး
လူသားစားပုဂ္ဂိုလ်တစ်ဦးကို
(က) ပညာကိုရကြောင်းတရား။
(ခ) ဥစ္စာကိုရကြောင်းတရား။
(ဂ) ကျေးဇူးသတင်းကျော်စောခြင်းသို့ ရောက်ကြောင်းတရား။
(ဃ) အဆွေခင်ပွန်းနှင့် ပြည့်စုံနိုင်ကြောင်းတရား။
(င) ဤဘ၀မှာစုတေ၍ တမလွန်ဘ၀သို့ရောက်ရှိသော် မစိုးရိမ်ရကြောင်း တရားဟူ၍
ဤ(၅)ချက်၏အဖြေများကို အကျယ်တ၀င့် ရှင်းပြပါ။ (၃ မှတ်)
၂။ သင်္ဂါယနာတင် (၆)ကြိမ်မှာ အမှူးပြုသောရဟန္တာ (သံဃာတော်)
ချီးမြှောက်သည့် ဘုရင်(မင်း)၊ သာသနာတော်နှစ်၊ စုပေါင်းရွတ်ဆိုသော
သံဃာတော်အရေအတွက်၊ ကျင်းပသည့်တိုင်းပြည်၊ မြို့၊ ရွာ၊
သင်္ဂါယနာတင်ပုံတို့ကို ပြည့်စုံစွာဖော်ပြပါ။ (၃ မှတ်)
၃။ မဂ်တားဖိုလ်တားကံကြီး (၅)ပါး ဖော်ပြပါ။ (ဗလာ(၁)မျက်နှာခန့်) (၃
မှတ်)
၎။ ဗုဒ္ဓဂုဏ်တော်ပွားများရခြင်းအကျိုးကို ၀ိသုဒ္ဓိမဂ်အရအတိုချုံ့ပြီး
တင်ပြပါ။ (၃ မှတ်)
၅။ ကမ္မဋ္ဌာန်းနည်း(၄၀)သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်တွေနှင့် သက်ဆိုင်သနည်း။
အဘယ်ကြောင့် နည်း။ မည်သို့အကျိုးရှိနိုင်သနည်း။ (ဗလာစာ(၁)မျက်နှာခန့်
ရှင်းလင်းတင်ပြပါ။)
(၃ မှတ်)
အထက်ပါ မေးခွန်းများကို ဖြေဆိုရန် ခင်မောင်အေး မှ အလှူဈေးဖြင့်
ထုတ်ဝေဖြန့်ချိ သော စာအုပ် (၅)အုပ်ကို ကြေညက်အောင် ဖတ်ရှုရပါမည်။
၎င်းင်းစာအုပ်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန
လက်အောက်ရှိ စာကြည့်တိုက်ပေါင်း (၃၀၀)ကျော် (မြန်မာနိုင်ငံရှိ
မြို့တိုင်းမှာ) လှူဒါန်းရန် စီစဉ်ထားပါသည်။ လှူဒါန်းရန်
ဆက်သွယ်လျက်ရှိ ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကျေးရွာများရှိ
စာကြည့်တိုက်များသို့ လှူဒါန်း လိုပါလျှင် ပညာဗိမာန်စာအုပ်တိုက်မှာ
အလှူဈေး (အရင်းဈေး)ဖြင့် ဆက်သွယ်မှာယူနိုင် ပါသည်။
(၅)သောင်းမှ
(၅)သိန်း အထိ ဆုချီးမြှင့်ပွဲ " တလေးတစား ဖိတ်ခေါ်အပ်ပါသည် "
၁ ။ အသက်(၁၅)နှစ်မှ (၃၀)အထိ
လူငယ်လူရွယ်များကို ဗုဒ္ဓနှစ်(၂၆၀၀)ပြည့် ပူဇော်ပွဲအထိမ်းအမှတ်အဖြစ်
(ှနနညျှကနျအငသည) မေးခွန်းဖြေဆိုပြီး (၅)သောင်းမှ (၅)သိန်းထိ
ဆုချီးမြှင့်ပွဲမှာ ပါဝင်ဆင်နွှဲကြပါရန် အထူးလေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
၂ ။ (၁၃၇၃)ခု ကဆုန်လပြည့်ကျော်(၁)ရက် ၊ဗုဒ္ဓသာသနာတော်နှစ်(၂၅၅၅)ခု၊
ခရစ်နှစ်(၂၀၁၁)ခု မေလ(၁၈)ရက်မှာ စတင်ရောက်ရှိတော့မည့်
"ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူသောနှစ် "(ဗုဒ္ဓနှစ်)(၂၆၀၀)ပြည့်မှာ
ပူဇော်ပွဲ ကျင်းပစေလိုပါသည်။ ငွေချမ်းသာသူ၊ လုပ်အားတတ်နိုင်သူ၊
ပညာရှိသူ----အစရှိသဖြင့် မိမိစွမ်းနိုင်သည့်ဘက်က
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပူဇော်ပွဲလေးမှ ပူဇော်ပွဲကြီးအထိ
ကျင်းပစေလိုပါသည်။
မိမိကိုယ်တိုင်မလုပ်နိုင်ပါကကျွန်တော်ဦးဆောင်သည့်"ဗုဒ္ဓနှစ်(၂၆၀၀)ပြည့်
ပူဇော်ပွဲကြီး"မှာ ပါဝင်ဆင်နွှဲပေးပါရန် မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်။
ကျွန်တော်သေသွားခါမှ ကူညီမည့်၊ လှူမည့်၊ ၀မ်းနည်းကြောင်း ရေးသားမည့်
ကုန်ကျစရိတ်နှင့် လုပ်အားဒါနများ ယခု ပါဝင်လှူဒါန်းကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။ ဤအလှူကြီးသည် ကျွန်တော့်အတွက်ထက် ဗုဒ္ဓသာသနာအတွက်၊
သောတာပန်လောင်း ဖြစ်လိုသူ (လူဖြစ်ကျိုးနပ်လိုသူ)တို့အတွက် မွန်မြတ်သော
"ပါရမီအလှူ" ဖြစ်ပါသည်။
"
ပညာရှင်များ၊ အလှူရှင်များ၊ လုပ်အားရှင်များ ပါဝင်ဆင်နွှဲပေးပါရန် "
ပညာရှင်များ
ပါဝင်လှူဒါန်းပေးစေလိုပါသည်။ကျွန်တောှ်.ှ ခင်မောင်အေးမှျြွှဠ-၄ ၊
သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်း၊ တရားစာအုပ် များမှာ မြန်မာစာဖြင့်
ကြော်ငြာလာခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပါပြီ။ ဗုဒ္ဓဘာသာဝင်တိုင်း
(ဗုဒ္ဓကို စိတ်ဝင်စားသူတိုင်း၊ ဗုဒ္ဓကျင့်စဉ်ကို စိတ်ဝင်စားသူတိုင်း)
"ဗုဒ္ဓနှစ်(၂၆၀၀)ပြည့်ပူဇော်ပွဲကြီး"နှင့်
"သောတာပန်လောင်းအသင်း"အတွက် သတင်းစာ၊
စာစောင်၊မဂ္ဂဇင်း၊စာအုပ်အသီးသီးမှာ ထပ်မံထည့်သွင်းနိုင်ရန်
(ကြော်ငြာနိုင်ရန်) သတင်း၊ဆောင်းပါးရေးနိုင်ရန် ကူညီနိုင်သူ
ပညာရှင်များ၊အလှူရှင်များ၊ အကြံဥာဏ်ပေးနိုင်သူများအား ကျွန်တော်
ဖိတ်ခေါ်အပ်ပါသည်။
၎င်းင်းအပြင် ယခုခေတ် အင်တာနက်မှာ ကျွန်တော်တတ်နိုင်သမျှ (စွမ်းနိုင်သမျှ)
မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်ဘာသာတို့ဖြင့် တင်ထားသည်မှာ
တစ်နှစ်နီးပါး ပြည့်တော့မည်ဖြစ်ပါသည်။ ၎င်းင်းအင်တာနက်မှာလည်း
ထပ်မံထည့်သွင်းနိုင်ရန် အင်တာနက်ပညာရှင်များ၊ မီဒီယာပညာရှင်များ၊
ကွန်ပျူတာပညာရှင်များ၊ စာပေပညာရှင်များ ပူးပေါင်းပါဝင်ပြီး
သာသနာပြုနိုင်ပါရန် တလေးတစား ဖိတ်ခေါ်အပ်ပါသည်။
မေတ္တာဖြင့် (သို့) ကုသိုလ်ဖြစ် ကူညီနိုင်ပါလျှင် (ပါဝင်လိုပါလျှင်)
လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ (သို့မဟုတ်) ငွေကြေးသက်သာစွာဖြင့်
Discount --- စသည့် လျှော့ဈေးဖြင့် ကူညီမှ ဖြစ်ပါမည်ဆိုလျှင်လည်း
ညှိနှိုင်းလိုပါသည်။
" ဗုဒ္ဓနှစ်
(၂၆၀၀)ပြည့် ပူဇော်ပွဲ " နှင့် " သောတာပန်လောင်းအသင်း "
ကျွန်တော် ခင်မောင်အေး သည် (၁၃၇၃)
ခု၊ ကဆုန်လပြည့်ကျော်(၁)ရက်၊ (၂၀၁၁) ခု၊ မေလ (၁၈)ရက်၊ ဗုဒ္ဓဟူးနေ့မှာ
ရောက်ရှိတော့မည့် ဗုဒ္ဓသာသနာတော်နှစ် (၂၅၅၅ )ခု၊"
ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူသောနှစ် ( ၂၆၀၀)ပြည့် အထိမ်းအမှတ်
"ကို ပူဇော်သောအားဖြင့် "ဗုဒ္ဓနှစ်( ၂၆၀၀) ပြည့် ပူဇော်ပွဲ"နှင့်
"သောတာပန်လောင်းအသင်း" တို့အား ဖွဲ့စည်းတည်ထောင်ပြီး ပူဇော်ပွဲများ
ကျင်းပပါမည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း (သို့မဟုတ်) ဗုဒ္ဓကို စိတ်ဝင်စားသူတိုင်း
(ဗုဒ္ဓကျင့်စဉ်ကို စိတ်ဝင်စားသူတိုင်း) "သောတာပန်လောင်း"
ဖြစ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာပါစေရန် ရည်ရွယ်၍
အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပါမည်။
၁။ ဆရာတော်ကြီး (၉)ပါးထံမှ တန်ခူးလ
(ဧပြီလ)ခန့်မှာ သြ၀ါဒခံယူပွဲ ကျင်းပပါမည်။
၂။ မြန်မာသက္ကရာဇ် (၁၃၇၃) ခု၊ ကဆုန်လပြည့်ကျော် (၁)ရက်၊ ခရစ်နှစ် (၂၀၁၁)
ခု၊ မေလ (၁၈)ရက် ဗုဒ္ဓဟူးနေ့၊ ညနေပိုင်းမှာ သံဃာတော်ပေါင်း "၁၀၀" ကို
ပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပါမည်။ သက်ဆိုင်ရာ
မြို့နယ် သံဃာ့အဖွဲ့အစည်း၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်း ဒေသကြီး
အာဏာပိုင်အဖွဲ့အစည်း၊ သာသနာရေးဝန်ကြီးဌာန --- စသည်တို့မှ
ခွင့်ပြုချက်ရယူပြီး နေရာဌာနနှင့် အချိန်တို့ကို ထပ်မံကြေငြာပါမည်။
၃။ ပရိယတ္တိပိုင်းနှင့် ပဋိပတ္တိပိုင်းဟူ၍ နှစ်ပိုင်းလုံးကို
စိတ်ဝင်စားလာစေရန် အောက်ပါအစီအစဉ်ကိုလည်း ကျင်းပပါမည်။
မင်္ဂလာမောင်မယ် ယဉ်ကျေးမှုစာမေးပွဲများ၊ အဘိဓမ္မာစာမေးပွဲများ၊
ဗုဒ္ဓကျမ်းစာများနှင့် ပတ်သက်သော စာမေးပွဲအမျိုးမျိုးအပြင် ဗုဒ္ဓစာပေဆု
ပြိုင်ပွဲများကို နိုင်ငံတော်အစိုးရ၊ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓသာသနာတော်
အဖွဲ့အစည်းများ၊ ဆရာတော်ကြီးများ၊ ပုဂ္ဂလိက စာပေပညာရှင်များ --
စသည်တို့က ကျင်းပနေကြသည်မှာ အားရဖွယ် နှစ်ပေါင်းများစွာ ရှိနေပါပြီ။
ကျွန်တော် ခင်မောင်အေး သည်လည်း "သောတာပန်လောင်း
ရေးဖြေကျင့်ကြံပွဲ" များကို အဝေးဖြေ၊ ရေးဖြေ၊ နှုတ်ဖြေများအပြင်
ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပွဲများအဖြစ် အဆင့်ဆင့် ကျင်းပပါမည်။
၎။ "သောတာပန်လောင်း" များအဖြစ် စိတ်ဝင်စားလာစေရန်
ပထမဦးဆုံးအဆင့်အနေဖြင့် အဝေးဖြေ စာမေးပွဲစနစ် ကျင်းပပါမည်။
၅။ ကျွန်တော် ခင်မောင်အေး ကိုယ်တိုင် ရေးသားထုတ်ဝေပြီး
(အလှူဈေးဖြင့်) ဖြန့်ချိနေသော တရားစာအုပ်များမှ အကြောင်းအရာများကို
"Seen Questions" ကြိုတင်သိပြီး မေးခွန်းများကို ကြည့်ပြီး
ဖြေဆိုရပါမည်။
၆။ ထို "Seen Question" များကို တစ်လခန့် ကြိုတင်ထုတ်ဝေ
ဖြန့်ချိမည်ဖြစ်ပါသည်။ မိမိအိမ်မှာပင် မိဘဆရာသမားများနှင့်
တိုင်ပင်လိုက တိုင်ပင်နိုင်ပြီး ကျွန်တော်၏ အောက်ပါစာအုပ်များမှ
အကြောင်းအရာတို့ကို ကြည့်ရှုကူးယူပြီး "အဝေးရောက်" ရေးဖြေ
ပေးပို့နိုင်ပါသည်။
"
မှီငြမ်းရမည့် စာအုပ်များ "ခင်မောင်အေး ရေးသားထုတ်ဝေ ဖြန့်ချိသော
(၁) (၂၈)ဆူ ဗုဒ္ဓ၀င်နှင့် ရှင်းချက်များ
စာအုပ်
(၂) ရောင်စုံရုပ်ပြပဋ္ဌာန်းနှင့် (၂၄)ပစ္စည်း ရှင်းချက်များ စာအုပ်
(၃) သောတာပန်ဆုပန် ချမ်းသာမှုစံ စာအုပ်
(၄) လူဖြစ်ကျိုးနပ်ဖို့ သောတာပန်သို့ စာအုပ်
(၅) ဗုဒ္ဓဂုဏ်တော် (၉)ပါး ရုပ်စုံပြ စာအုပ် အထက်ပါစာအုပ် (၅)အုပ်မှ
အမှတ်(၈၀)ဖိုး မေးခွန်းတို့ကို ဖတ်ရှုလေ့လာပြီး ( ကူးယူလိုက ကူးယူပြီး )
ရေးဖြေရပါမည်။
(စာအုပ်ထဲမှ အားလုံးကို နားလည်အောင်ဖတ်ပြီးမှ ကူးဖြေစေလိုပါသည်။)
(၆) ဗုဒ္ဓ၀င်အကျဉ်းချုပ်နှင့် သြကာသ ဘုရားရှိခိုး အဓိပ္ပါယ်များ
(၇) တိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တ၏ မဟာဗုဒ္ဓ၀င် (၆) တွဲ (၈) အုပ်မှ
(၁၀)မှတ်ဖိုး မေးပါမည်။
(၈) အထွေထွေဗဟုသုတအဖြစ် ဗုဒ္ဓဘာသာဆိုင်ရာ မေးခွန်းများနှင့်
(၉) ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချပုံ (ကျား/မ) တို့မှ (၂၀)မှတ်ဖိုး
မေးပါမည်။
ဤစာအုပ်များဖြင့် "သောတာပန်လောင်း"များ
ဖြစ်လာစေရန်ပရိယတ္တိ၊ပဋိပတ္တိပိုင်းမှ တစ်ဆင့် "ပဋိဝေဓ"ထိ
ရနိုင်စွမ်းရှိအောင် သာသနာပြုရန် ကျွန်တော် ကြိုးစားလိုရင်းကြောင့်
ဤ"သောတာပန်လောင်း" ကဏ္ဍကို စီစဉ်ဖြစ်ကြောင်း နားလည်ပေးစေလိုပါသည်။
(နားမလည်သေးသူ) တချို့ကကျွန်တော့်အား "စာအုပ်ရောင်းကောင်းဖို့"ဟူ၍
ဝေဖန်ကြပါသည်(မည်)။ စာအုပ်ဘယ်လောက်ပင် ရောင်းကောင်း၊ ရောင်းကောင်း
အမြတ်ငွေရမည် မဟုတ်ပါ ။
(စက္ကူဈေး အနည်းငယ်ကျ၍)
အနည်းငယ်မြတ်လျှင်သော်မှ အလှူတော်ထံမှာသာရောက်ရှိသွားပါမည်။ လူငယ်တွေ၊
လူရွယ်တွေ (နောက်မှအားပေးမည့် လူကြီးတွေပါ) စာဖတ်ဖြစ်ဖို့
သောတာပန်လောင်း ဖြစ်ချင်စိတ်တွေ ရှိလာဖို့ တွန်းအားပေးလိုခြင်းသာ
ဖြစ်ပါသည်။
၇။ စုစုပေါင်း အမှတ်(၁၀၀)ဖိုး အဖြေလွှာကို (၁၈.၃.၂၀၁၁)နေ့ ညနေ(၅)နာရီ
နောက်ဆုံးထားပြီး(စာတိုက်မှဖြစ်စေ)၊ လူကိုယ်တိုင်ဖြစ်စေ
အရောက်ပေးပို့ရပါမည်။ ( ၎င်းင်းရက်ထက် စောလျှင်ရပါသည်။နောက်ကျပါက
လက်ခံစဉ်းစားမည် မဟုတ်တော့ပါ။ )
၈။ အင်တာနက်မှ ဖြေဆိုလိုလျှင်
E-mail: sskmamaths@gmail.com , buddhayear2600@gmail.com ,
prethawtarpan@gmail.com မှာ
အထက်ပါအချိန်အတိုင်း နောက်ဆုံး ထားပြီး "မြန်မာစာ"ဖြင့်
ပေးပို့နိုင်ပါသည်။
၉။ အသက် (၁၄)နှစ်ခန့် (၈)တန်း၊ အဋ္ဌမတန်း (ွမေိန ၉)
စာမေးပွဲဖြေဆိုပြီးသူနှင့် အထက်တန်း န၀မတန်းဖြေ၊ ဒသမတန်းဖြေ၊
တက္ကသိုလ်ဝင်တန်းအောင်၊ တက္ကသိုလ် စာမေးပွဲဖြေ၊ဘွဲ့ရ၊
ဝန်ထမ်း၊ကုမ္ပဏီဝန်ထမ်း၊ ကိုယ်ပိုင်အလုပ် ----စသည်ဖြင့် (၁၈-၃-၂၀၁၁)
ရက်အထိ အသက် (၃၀)နှစ်အထိ လူငယ်၊ လူရွယ်၊ လူလတ်တို့ကို
ဖြေဆိုခွင့်ပေးပါမည်။ ၄င်း(၃၀)နှစ်ထက် တစ်ရက်၊ တစ်နံနက်
ကြီးသူများဖြစ်ပါက မိမိ၏ ညီ၊ ညီမ၊ တူ၊ တူမ၊ သားသမီး-----စသည်တို့
ဖြေဆိုရန် နောက်မှ အားပေးးနိုင်ပါသည်။ ညီ၊ ညီမ၊ သားသမီးတို့သည်
အတန်းကျောင်း စာမေးပွဲ ဖြေနေသည့်အတွက် မိမိ၏ ကျောင်းသား/သူအပေါ်
ယုံကြည်ပါက မိဘအုပ်ထိန်းသူက ကိုယ်စား ဖြေပေးနိုင်ပါသည်။
၁၀။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှ ရေးဖြေအဖြေလွှာများကို "ဗုဒ္ဓနှစ်
(၂၆၀၀)ပြည့် ပူဇော်ပွဲကျင်းပရေး ကော်မတီမှ" အမှတ်စစ်ဆေးပြီး
ဆုံးဖြတ်ချက်ချပါမည်။ (၄င်းအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။)
အကြိုက်နှစ်သက်ဆုံး အဖြေလွှာရှင် (၁၀၀)ဦးကို ပဏာမ စီစစ်ရွေးချယ်ပြီး
ဆောင်းပါးခ (စာမူခ)သဘောမျိုး ၃၀၀၀ိ/-စီ ချီးမြှင့်ပါမည်။
၁၁။ ထိုပဏာမ (၁၀၀)ဦးမှ ဆန်ကာတင် (၂၆) ဦးကို ရွေးချယ်ပြီး
ရန်ကုန်မြို့ သို့ (၉ .၄ .၂၀၁၁)နေ့ နံနက်(၉)နာရီ အရောက် ဖိတ်ခေါ်ပါမည်။
မိမိနေထိုင်ရာမြို့ မြို့နယ် မှ ရန်ကုန်မြို့ထိ
Express ကားခ
အသွားအပြန်စရိတ်၏
(၁ ဒသမ၅ ဆ)စရိတ်ခံပါမည်။ (ဥပမာ - ပခုက္ကူမြို့မှ
ရန်ကုန်မြို့ထိ
Express လူစီးကားခ (၁၀၀၀၀/-) ဆိုလျှင် အသွား၊ အပြန်
၂၀၀၀၀ _ ၁.၅ = ၃၀၀၀၀/- သည် လမ်းမှာ စားစရိတ်အပါအ၀င် အကုန်အကျခံခြင်း
ဖြစ်ပါသည်။) ( မြင်းလှည်း၊ ဆိုက်ကား၊ အထေင ၊ဆိုင်ကယ်ကယ်ရီခ ------
စသည် မပါဝင်ပါ။ )
၁၂။ ထိုအရွေးချယ်ခံ ပုဂ္ဂိုလ်(၂၆)ဦးသည်
ကျောင်းသားဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ (၉ .၄ . ၂၀၁၁) နေ့မှ (၂၄ . ၄ .၂၀၁၁ )
အထိ ခရီးအသွားအပြန်နှင့် ရန်ကုန်မြို့"သောတာပန်လောင်း တရားစခန်း" မှာ
တရားဝင်နိုင်ရန် စုစုပေါင်း (၁၅)ရက်ခန့် သက်ဆိုင်ရာမှ ခွင့်ရရှိကြောင်း
ထောက်ခံစာမူရင်း၊ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမိတ္တူ၊ တစ်လအတွင်း
ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာမူရင်း၊ သက်ဆိုင်ရာ
ကျောင်းသားကဒ် (သို့) ၀န်ထမ်းကဒ် (သို့) ၀န်ထမ်း ထောက်ခံချက်မူရင်း၊
မိဘအုပ်ထိန်းသူ၏ ခွင့်ပြုကြောင်းထောက်ခံချက်၊ တစ်ပတ်အတွင်း
ကျန်းမာရေးကောင်းကြောင်း အသိအမှတ်ပြု ဆရာဝန်၏ ဆေးစစ်ချက်
ထောက်ခံချက်မူရင်း၊ ------ (အခါအားလျော်စွာ) လိုအပ်သည်များ
ပါရှိရပါမည်။
၁၃။ Seen Question ၏နောက်တွင် စည်းကမ်းချက်များ ထည့်ပေးပါမည်။)
Seen Question ကို အဝေးဖြေ ဖြေခဲ့စဉ်က မိဘအုပ်ထိန်းသူက ဖြေဆိုပေးသောကြောင့်
(သို့) စာအုပ်မှ ကူးယူတာ တိုက်ဆိုင်သောကြောင့် အမှတ်အလွန်ကောင်းပြီး
(၂၆)ဦးထဲမှာ ပါလာသော်လည်း ( ၉.၄.၂၀၁၁) ညမှာ အလွတ်ဖြေသည့် အဖြေလွှာသည်
အလွန်ညံ့နေပါက(ကျရှုံးသွားပါက) အသွားအပြန်စရိတ်ဖြင့်ပင် (၁၀ .၎
.၂၀၁၁)နေ့မှာ ပြန်ရမည် ဖြစ်ပါသည်။ဆက်လက်ပြီး နေခွင့်မပေးတော့ပါ။
နေမှနေလိုလျှင် စည်းကမ်းလိုက်နာနိုင်လျှင် မိမိစရိတ်ဖြင့်သာ
တရားစခန်းဝင်ခွင့် ပေးတော့မည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
၁၄။ (၁၀ .၄ .၂၀၁၁ ) မှ (၁၂ .၄ .၂၀၁၁ )တွင် သုတမယဥာဏ်၊ သံဝေဂဥာဏ်နှင့်
တွေးခေါ်ဆင်ခြင်ဥာဏ် (အခြေခံ)တို့ကို ရရှိနိုင်ရန် ပရိယတ္တိသင်တန်း
ပို့ချပါမည်။ (၁၃ .၄ .၂၀၁၁) အကြိုနေ့ နံနက်(၉)နာရီမှ (၁၂)နာရီထိ
(၃)နာရီမေးခွန်း
Unseen Question ရေးဖြေစာမေးပွဲ ထပ်မံဖြေဆိုရပါမည်။
ယခင် အဝေးဖြေ
Seen Question မေးခွန်းများမှ ၅၀%ခန့် ပြန်လည်ပြီး
(တိုက်ရိုက်/ သွယ်ဝိုက်)ပါဝင်မည် ဖြစ်ပါသည်။ နေ့လည်(၁၂း၀၀)နာရီမှ ညနေ
(၅း၀၀)နာရီထိ နားချိန်တွင် နံနက်က ဖြေဆိုခဲ့သည့် (၃)နာရီမေးခွန်း၏
စံပြအဖြေကို လေ့လာဆွေးနွေးရပါမည်။
၁၅။ (၁၃ . ၄ . ၂၀၁၀) ညနေ(၆)နာရီမှ စ၍ သောတာပန်လောင်းတရားစခန်း
လက်တွေ့ကျင့်ကြံ အားထုတ်နည်း ဖွင့်ပွဲစပါမည်။
၁၆။ (၁၄ . ၄ .၂၀၁၀) အကျနေ့ နံနက် (၄း ၃၀)မှစ၍ လုံးဝစကားမပြောဘဲ
တရားထိုင်ခြင်း စတင်ပါမည်။ ဗုဒ္ဓ၏ သတိပဋ္ဌာန်နည်း၊ လယ်တီဒီပနီ၊ အနာဂါမ်
ဆရာသက်ကြီး တရားရှုနည်းများဖြင့် ကျင့်ကြံအားထုတ်ရပါမည်။
၁၇။ (၂၂ .၄ .၂၀၁၁) နေ့ ညနေ(၆)နာရီမှာ "သောတာပန်လောင်း
တရားစခန်း"ပိတ်သိမ်းပွဲ ကျင်းပပါမည်။ ညတစ်ဝက်ခန့်ထိ မိမိတို့ရရှိသည့်
တရားအသိများကို အချင်းချင်း ဆွေးနွေး ဖလှယ်နိုင်ပါသည်။
၁၈။ ထို ( ၂၂ .၄ .၂၀၁၁ ) ညပိတ်သိမ်းပွဲမှာပင် သင်္ကြန်အကြိုနေ့ ရေးဖြေ
(၁၀၀)မှတ် နှင့် ပဋိပတ္တိကျင့်စဉ် အမှတ်(၁၀၀)ဖိုးတို့မှ စုစုပေါင်းရမှတ်
(၂၀၀)မှတ်ဖိုးအရ အောက်ပါအတိုင်း အဆင့်သတ်မှတ်ပြီး ဆုပေးပွဲကျင်းပပါမည်။
ပထမဆု = ကျပ်ငွေ ငါးသိန်းတိတိ ( ၅၀၀ယ၀၀၀
)
ဒုတိယဆု = ကျပ်ငွေ လေးသိန်းတိတိ ( ၄၀၀ယ၀၀၀ )
တတိယဆု = ကျပ်ငွေ သုံးသိန်းတိတိ ( ၃၀၀ယ၀၀၀ )
စတုတ္ထဆု = ကျပ်ငွေ နှစ်သိန်းတိတိ ( ၂၀၀ယ၀၀၀ )
ပဉ္စမဆု = ကျပ်ငွေ တစ်သိန်းတိတိ ( ၁၀၀ယ၀၀၀ )
အထူးဆု = အဆင့်(၆)မှ အဆင့် (၁၀)အထိ (၅)ဦးကို ရှစ်သောင်းကျပ်တိတိ (
၈၀ယ၀၀၀ ) စီ
နှစ်သိမ့်ဆု = အဆင့် (၁၁)မှ အဆင့် (၂၆) အထိ (၁၆) ဦးခန့်ကို
ငါးသောင်းကျပ်တိတိ ( ၅၀ယ၀၀၀) စီ အသီးသီး ဆုချီးမြှင့်ပါမည်။
«(၉-၄-၂၀၁၁)နေ့နှင့် (၁၃ .၄ .၂၀၁၁)နေ့ ရေးဖြေစာမေးပွဲများမှ
အဆင့်မမှီသူသည် ဆုပေးပွဲမှာ ဆုရရှိမည် မဟုတ်ပါ။ (အခါအားလျော်စွာ
တခြားအလှူရှင်များမှလည်း ဆုတော်ငွေနှင့် ဆုပစ္စည်းများဖြင့်
ချီးမြှင့်ကြပါဦးမည်။)
၁၉။ (၂၃-၄-၂၀၁၁) နံနက်မှစ၍ ညနေအထိ ရန်ကုန်မြို့ကြီးရှိ ရွှေတိဂုံဘုရားမှ
စ၍ တန်ခိုးကြီးဘုရားများသို့ ဘုရားဖူးအစီအစဉ် ဖြစ်ပါသည်။
၂၀။ (၂၂-၄-၂၀၁၁) နှင့် (၂၃-၄-၂၀၁၁) ညများတွင် တရားဓမ္မမိတ်ဆွေ
ဖွဲ့နိုင်ပါသည်။ လောကီလောကုတ္တရာရေးရာ၊ ပညာရေး၊ စီးပွားရေး၊
မိသားစုရေးတို့ကို တရားနည်းလမ်းကျကျ ဆွေးနွေးနိုင်ကြပါသည်။
၂၁။ ( ၂၄-၄-၂၀၁၁ ) နံနက်မှာ မိမိနေရပ်ထံပြန်ရန် အစီအစဉ် ဖြစ်ပါသည်။
ဤသောတာပန်လောင်း တရားစခန်းပွဲမှ မဟာသောတာပန်ကြီးဖြစ်ခြင်း
မဖြစ်ခြင်းသည် မိမိ၏ ပါရမီအရသာ ဖြစ်ပါသည်။ မဟာသောတာပန်ကြီး
ဖြစ်သွားပါပြီဆိုသည့် အာမခံချက်မျိုး မပေးကောင်း၊ မယူကောင်းပါ။
သို့သော် မိမိကိုယ်မိမိ "သောတာပန်လောင်း"ပါ ဟူ၍
ပီတိဖြစ်နိုင်လောက်အောင် အထူးကြိုးစားပြီး တရားပြပေးမည် ဖြစ်ပါသည်။
ဆက်လက်၍ အဆင့်ဆင့်တက်နိုင်ဖို့နှင့် မိမိ၏ပတ်ဝန်းကျင်ကို
"သောတာပန်လောင်း" ဖြစ်လိုစိတ်များ ကူးလူးပျံ့နှံ့ရန်တို့သည်
သောတာပန်လောင်း သင်တန်းသားတို့၏ တာဝန်သာ ဖြစ်ပါသည်။
" ဗုဒ္ဓနှစ်
(၂၆၀၀)ပြည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ "
ခရစ်နှစ် ၂၀၁၁ ခု၊ မေလ (၁၈)ရက်၊
(၁၃၇၃)ခု ကဆုန်လပြည့်ကျော်(၁)ရက် နံနက်အရုဏ်တက်ချိန်သည်
"ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူချိန် (၂၆၀၀) ပြည့်နှစ်"ကို
စတင်ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မိမိတို့၏ မြို့ရွာ၊ ရပ်ကွက်တို့မှာ
"ဗုဒ္ဓနှစ် (၂၆၀၀) ပြည့်ပူဇော်ပွဲကြီး"ကို မိမိတို့စွမ်းနိုင်သမျှ
ကျင်းပနိုင်ပါစေကြောင်း လိုအပ်သမျှ အကြံဥာဏ် အစီအစဉ်တို့ကို
ကူညီထောက်ပံ့ပေးပါမည်။
မဟာရန်ကုန်မြို့ကြီးမှာလည်း ကျွန်တော် ခင်မောင်အေး ဦးဆောင်၍ စွမ်းနိုင်သမျှအားဖြင့် ပရိယတ္တိဝန်ဆောင်
စာသင်သား သံဃာတော်ပေါင်း အပါး (၁၀၀)အား
ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို မတည်ကျင်းပပါမည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှာ မိမိကိုယ်တိုင်
ဦးဆောင်ကျင်းပ နိုင်ပါလျှင် မုဒိတာစိတ်ဖြင့် သာဓုခေါ်ပါသည်။
မိမိကိုယ်တိုင် ဦးဆောင်နိုင်မှု အခက်အခဲရှိသော အလှူရှင်များအနေဖြင့်
ကျွန်တော်ဦးဆောင်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ တစ်ပါးလျှင်
(၅၀၀၀ိ/-)နှုန်းဖြင့် ပါဝင်လှူဒါန်းလိုပါလျှင် ကြိုတင်
စာရင်းသွင်းနိုင်ပါသည်။ (၂)ပါးတတ်နိုင်သူက (၁၀၀၀၀ိ/-)၊
(၁၀)ပါးတတ်နိုင်သူက (၅၀၀၀၀ိ/-)စသည်ဖြင့် လှူနိုင်ပါသည်။
အလှူရှင်များကို ကမ္ဗည်းထိုးပေးပါမည်။ အလှူရှင်များမှ သံဃာတော်အပါး
(၁၀၀)အတွက် ပြည့်မှီသွားလျှင်လည်း နောက်ထပ် အပါး(၁၀၀)အတွက်
ထပ်မံအလှူခံသွားပါမည်။ အလှူရှင် အလွန်များခဲ့ပါက ကျွန်တော်၏
မတည်အလှူအဖြစ် အပါး (၁၀၀) _၁၀ယ၀၀၀ ကျပ်
အလှူရှင်များမှ (၁၀၀) _ ၅ယ၀၀၀ ကျပ် ----------------------------
စသည်ဖြင့် ပရိယတ္တိဝန်ဆောင် စာသင်သား
သံဃာတော် အပါး( ၁၀၀ )မှာ အလှူရှင်များအပေါ် မူတည်ကာ မတည် (၁၀ယ၀၀၀ိ/-) +
(၅၀၀၀ိ/-) + (၅၀၀၀ိ/-) + ------- စသည်ဖြင့် လှူဒါန်းနိုင်မည်ဟု
ယုံကြည်ပါသည်။
"
တစ်ကမ္ဘာလုံး သိစေဖို့ "
မြတ်စွာဘုရားရှင် ပွင့်တော်မူသောနှစ်
(၂၆၀၀) ပြည့်နှစ်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း တစ်နိုင်ငံလုံးသာမက
(ဖြစ်နိုင်လျှင်) တစ်ကမ္ဘာလုံးကပါ စိတ်ဝင်တစား သိရှိသွားရာမှ
ကျင့်ကြံလာနိုင်ကြစေဖို့ အလှူရှင်များ၊ ပညာရှင်များမှ
ဝိုင်းဝန်းကြမည်ဆိုလျှင် အထူး (အထူး) အောင်မြင်ပါမည်။ ငြိမ်းချမ်းသထက်
ငြိမ်းချမ်းလာပေမည်။
"
သောတာပန်လောင်း အသင်း "
လယ်တီဆရာတော်ဘုရားကြီး ရှိစဉ်က
သံခိပ်အသင်း၊ ၀တ်အသင်း စသည်တို့ ရှိခဲ့ဖူး၏။ လွတ်လပ်ရေးကြိုးပမ်းစဉ်
ကာလမှာလည်း ဘာသာရေး အသင်းအဖွဲ့တွေ မြောက်မြားစွာပေါ်ခဲ့ဖူး၏။့ ဗြ
အသင်းသည်လည်း နာမည်ကြီးခဲ့၏။ ယခုလည်းပဲ
ဆက်လက်ရှင်သန်ဆဲဖြစ်နေ၏။ဓမ္မစကြာဝတ်အသင်းတွေလည်း
မြို့တိုင်းရွာတိုင်းမှာ ရှိခဲ့ကြ၏။ ယခုခေတ်ဆိုလျှင် လူမှုရေးအသင်းတွေ
ပို၍ ပေါများလာ၏။ ဆွမ်းလောင်းအသင်း၊ ရေချမ်းစင်အသင်း ၊
ရွှေတိဂုံဘုရားမှာဆိုလျှင် တံမြက်လှည်းအသင်းအဖွဲ့ပင် ရှိနေကြ၏။
ဘောလုံးပရိသတ်များကလည်း မန်ယူအသင်း အဖွဲ့ဝင်၊ ချဲလ်ဆီး၊ အာစင်နယ်---
စသည်တို့ပင် ရှိနေကြ၏။
ယခု နိုင်ငံတော်မှာ
နိုင်ငံရေးကူးပြောင်းကာလအဖြစ် နိုင်ငံရေးပါတီ အသင်းအဖွဲ့တွေလည်း
တရားဝင် ဖွဲ့ခွင့်တွေ ရရှိနေကြ၏။ ပြောရလျှင် ဘာသာရေးအသင်း၊
အားကစားအသင်း၊ လူမှုရေးအသင်း၊ နိုင်ငံရေးအဖွဲ့--စသည်ဖြင့် ရပ်ကွက်၊
ကျေးရွာ၊ မြို့၊ တိုင်းနယ်၊ ပြည်နယ်၊ တိုင်းပြည် ကောင်းစားရေးသာမက
တစ်ကမ္ဘာလုံး ကောင်းစားရေးအတွက်ပါ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်
ကြိုးစားနေကြ၏။
ယခုလည်းပဲ "သောတာပန်လောင်း
အသင်းအဖွဲ့" ဟူ၍ ပေါ်ပေါက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်
လူတော်လူကောင်းတိုင်း သောတာပန်လောင်း တွေဖြစ်လာပါက သောတာပန်ဖြစ်ဖို့
နီးစပ်လာမည်။ သောတာပန်ဖြစ်ဖို့ ကြိုးစားလာကြမည်။ ဤသို့ဆိုလျှင်
စီးပွားရေးအသင်း အဖွဲ့ဖြစ်စေ၊ လူမှုရေးအသင်း ဖြစ်စေ၊
နိုင်ငံရေးအသင်းအဖွဲ့ဖြစ်စေ၊ ကိုယ်ကျိုးကိုလည်းဆောင်ရွက်၊
အများအကျိုးကိုလည်း လုံးဝ(လုံးဝ) မထိခိုက်စေဘဲ ပို၍ပို၍ပင် သမာသမတ်ကျကျ
အားလုံးအကျိုး ဆောင်ရွက်လာနိုင်ကြပေမည်။
"
သောတာပန်လောင်းအသင်း တည်ထောင်မည် "
ကျွန်တော် စွမ်းနိုင်လျှင်
(စွမ်းနိုင်သမျှ) သောတာပန်လောင်းအသင်း တည်တောင်ဖို့ ကြိုးစားပါမည်။
သောတာပန်လောင်းဆိုသည်မှာ သောတာပန်ကြီး မဖြစ်သေးပါ။ သောတာပန်လေး
(စူဠသောတာပန်)မှတစ်ဆင့် သောတာပန်ကြီး (မဟာသောတာပန်)ဖြစ်အောင်
ကြိုးစားကြရမည်သာဖြစ်ပါသည်။ မိမိကိုယ်ကို သောတာပန်ကြီး
(အရိယာ)ဖြစ်ပါပြီ ဟူ၍ မပြောကောင်းပါ။ ဓမ္မန္တရာယ် ရှိပါသည်။
----တရားစခန်းမှာ
သောတာပန်အဆင့်ရောက်ပြီ၊ (အနာဂါမ်အဆင့် ရောက်ပြီ---)ဆိုပြီး
အဆင့်သတ်မှတ်ဖူးသည်ဟု ကြားသိခဲ့ရပါသည်။ အလွန့်အလွန် အန္တရာယ်ကြီးပါသည်။
ဟိုးယခင်က (----မြို့နယ်)ဘက်မှာ ပေါ်ခဲ့ဖူးပါသည်။ နောက်ဆုံး
ပြဿနာမျိုးစုံဖြင့် ဓမ္မန္တရာယ် ဖြစ်ကုန်ကြပါသည်။ ယခု ကျွန်တော်
ပြောနေသည်မှာ (တိုက်တွန်းနေသည်မှာ) "သောတာပန်လောင်း" ဟူ၍သာ
ဖြစ်ပါသည်။ မဟာသောတာပန်ကြီး အဆင့် (အရိယာအဆင့်) ရောက်သွားပါပြီဟူ၍
ပြောရန်(ကြွားရန်) မလိုအပ်ပါ။
"သောတာပန်ဖြစ်ဖို့ ကြိုးစားနေသူ"
ဟူ၍ကား ပြောကောင်းပါသည်။ ဓမ္မန္တရာယ်
မရှိပါ။ဤသို့ပြောနိုင်ဖို့အနိမ့်ဆုံး ငါးပါးသီလကို ကိုယ်နှင့်နှုတ်
လုံခြုံအောင် ကြိုးစားနေကြောင်းပြောဆိုရာရောက်ပါသည်။ ကတိ
ပေးရာရောက်ပါသည်။ သောတာပန်ကြီး ဖြစ်သွားခြင်း (မဖြစ်သေးခြင်း)တို့သည်
ထိုသူ၏ ပါရမီဖြည့်စွမ်းနိုင်မှု အပေါ်မှာသာ မူတည်ပါသည်။
မြို့တိုင်း၊ ရပ်ကွက်တိုင်း၊
ကျေးရွာတိုင်းမှာ ကိုယ့်နည်းကိုယ်ဟန်ဖြင့် "သောတာပန်လောင်း"အသင်း ဟူ၍
ရှိသင့်ပါသည်။ မိမိကိုယ်ကိုမိမိ ကြေညာနိုင်ရန် လူမြင်သူမြင်မှာ
ငါးပါးသီလ လုံခြုံနေဖို့ လိုအပ်ပါမည်။ (ထန်းရေ၊ အရက်စသည်
ခွက်ပုန်းသောက်နေဖို့ ပြောနေခြင်း မဟုတ်ပါ။) အရိယာအစစ်
(မဟာသောတာပန်ကြီး)မဖြစ်သေးသောကြောင့် မိမိ၏ စိတ်ထဲမှာဖြင့်
ဖောက်လွှဲဖောက်ပြန် ရှိကောင်းရှိနေပါဦးမည်။
သို့သော် သောတာပန်လောင်းတို့မည်သည်
ကိုယ်နှုတ်နှစ်ပါး လုံခြုံနေရာမှ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊
---ဖောက်လွှဲ ဖောက်ပြန်စိတ်တို့ ဖြစ်ပေါ်လာလျှင်သော်မှ
ဖြစ်ကြောမရှည်တော့ပေ။ ဖြစ်ကြောတိုအောင် ကြိုးစားနေကြပါမည်။
ကိုယ်နှုတ်အပြင် စိတ်ကိုပါ သီလလုံခြုံအောင် ကြိုးစားနေခြင်းဖြင့် သီလ၊
သမာဓိ၊ ၀ိပဿနာဘာဝနာမှာ ပိုမို၍ အစွမ်းထက်လာပါမည်။
"
ငြိမ်းချမ်းမည်၊ တိုးတက်မည် "
ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၊
မြို့တိုင်းမှာ သောတာပန်လောင်းတွေ ပေါများလာပါက
တစ်ကိုယ်ကောင်းဆန်သောစိတ်တွေ လျော့ပါးလာမည်။ အများအကျိုးဆောင်သူတွေ
ပေါများလာမည်။ ၀ိသမလောဘတွေ လျော့ပါးလာမည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင်
နိုင်ငံရေးသမားတွေလည်း သောတာပန် လောင်းတွေဖြစ်ပါက ပို၍ကောင်းမည်။
မိမိအတွက်သာမက မိမိရပ်ရွာ၊ မြို့၊ တိုင်းပြည်အတွက် အနစ်နာခံလာကြမည်။
စီးပွားရေးသမားတွေလည်း သောတာပန်လောင်းတွေ ဖြစ်ပါက မျှမျှတတ ဖြစ်လာမည်။
ဆင်းရဲသူတွေ မကျပ်တည်းနိုင်တော့ပေ။ ဘယ်ကုန်ပစ္စည်းမဆို ဈေးကြီးကြီး
(အဆမတန်ဈေးကြီးကြီး) ပေးမ၀ယ်ရတော့ပေ။ ဘုရားရှင်လက်ထက်က
မဟာသောတာပန်ကြီးတွေ ဈေးရောင်းနေကြ၏။ ချိန်ခွင်မှန်၏။ အလေးမှန်၏။
ဈေးမှန်၏။ အမြတ်နည်းနည်းဖြင့် စီးပွားရှာကြသည်။ ကိုယ့်အတွက်
အမြတ်ကျန်အောင် ရောင်းချသော်လည်း အလေးမှန် ချိန်ခွင်မှန်
ဈေးမှန်သည့်အခါ အလွန့်အလွန် ဈေးမကြီးတော့ပေ။ သူ့ဘက်ကိုယ့်ဘက်
မျှတနေ၏။
ပညာရေးဘက်မှာလည်း ကျောင်းတွင်းမှာ စာကောင်းကောင်းသင်၊
ကျောင်းပြင်ပမှာလည်း စားဝတ်နေရေးအရ ဈေးချိုချိုဖြင့် ပညာသင်ပေး
ကြလျှင် လူတော်လူကောင်လေးတွေ များများပေါ်ထွန်းမည်။ ကျန်းမာရေးမှာလည်း
ဆေးရုံကြီးမှာ ကြိုးစားပမ်းစားဆေးကု၊ အပြင်ဆေးခန်းမှာလည်း
ဈေးချိုချိုဖြင့် ဆေးကုကြလျှင် လူသားတွေ ကျန်းမာရေး ပိုကောင်းလာကြမည်။
ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး---တွေမှာ
ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်တွေသည် သောတာပန်လောင်းတွေ
များများဖြစ်နေကြပါက တိုင်းပြည်ကြီး ငြိမ်းချမ်းမည်၊ တိုးတက်မည်
အမှန်ပင်။
" သတ္တသတ္တာဟ
(၂၆၀၀)ပြည့်နှစ် "
ဆက်လက်၍ ကဆုန်လပြည့်ကျော်(၁)ရက်မှ
ဝါဆိုလဆန်း( ၅ )ရက်အထိ (၄၉)ရက်ပတ်လုံး မြတ်စွာဘုရားရှင် သတ္တသတ္တာဟ
စံနေတော်မူသော နှစ်သည်လည်း (၂၆၀၀)ပြည့်နှစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း
ဗုဒ္ဓဘာသာဝင်တိုင်း သိရှိနားလည်စေဖို့ ထပ်မံကြိုးစားပါဦးမည်။
" ဓမ္မစကြာ
(၂၆၀၀)ပြည့်နှစ် "
စွမ်းနိုင်သမျှ ကြိုးစားရဦးမည်ဆိုလျှင်
(၁၃၇၃)ခု ၀ါဆိုလပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ "ဓမ္မစကြာတရားတော်
ဟောတော်မူသောနှစ် (၂၆၀၀) ပြည့်နှစ်"ကို ပူဇော်ပွဲ ကျင်းပပါဦးမည်။
"
ရွှေတိဂုံဘုရား (၂၆၀၀)ပြည့်နှစ် "
ဆက်လက်၍ (၁၃၇၃)ခု တပေါင်းလပြည့်နေ့မှာ
မြန်မာနိုင်ငံ၏ အထွတ်အထိပ် အစအဦး ဖြစ်သည့် ရွှေတိဂုံဘုရားကြီး၏
(၂၆၀၀)ပြည့် နှစ်ပတ်လည်နေ့အတွက် သာသနာပြုလုပ်ငန်းကို ရွှေတိဂုံဘုရားကြီး
ဂေါပကအဖွဲ့ထံ လှူဒါန်းပါဦးမည် ဖြစ်ကြောင်း "သောတာပန်လောင်း"
တို့အတွက် နိဗ္ဗာန်ချမ်းသာကို အကျိုးမျှော်၍ နိဗ္ဗာန်ဆော်အဖြစ်
ဆောင်ရွက်ဦးမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။
"
ဗုဒ္ဓအဘိဓမ္မာ (၂၆၀၀)ပြည့်နှစ် "
အလွန့်အလွန် စိတ်ဝင်စားကြပါလျှင်
ကျွန်တော် ခင်မောင်အေး လည်းပဲ သက်ရှိထင်ရှား ကျန်းမာနေပါသေးလျှင်
နောက်(၇)နှစ်မြောက် ခရစ်နှစ် (၂၀၁၇)ခု၊ (၁၃၇၉)ခု ၀ါဆိုလပြည့်မှ စ၍
သီတင်းကျွတ်လပြည့်နေ့ အထိသည် တာဝတိံသာနတ်ပြည်မှာ ပဋ္ဌာန်းတရားတော် အပါအ၀င်
အဘိဓမ္မာတရားတော်ကို ရက်ပေါင်း(၉၀)လုံး တစ်နာရီ၊ တစ်မိနစ်၊
တစ်စက္ကန့်မခြားဘဲ ဟောကြားတော်မူသောနှစ် "ဗုဒ္ဓအဘိဓမ္မာ (၂၆၀၀)
ပြည့်နှစ်" ကို ကျင်းပရန် ကြိုးစားပါဦးမည်။ ယခု "ဗုဒ္ဓနှစ် (၂၆၀၀)
ပြည့်နှစ်" ထက်ပို၍ စည်းကားသိုက်မြိုက်ကျယ်ဝန်းစွာ ကျင်းပနိုင်၊
ကျင့်ကြံနိုင်ကြဦးမည်ဟု ယုံကြည်လျက်
cience
cholarship
ခင်မောင်အေး
ကြည့်ဖြေရမည့် တရားစာအုပ်(၅)အုပ်နှင့် Seen Question ပါသည့်
စာစောင်ငယ်(၁)အုပ်ပေါင်း(၆)အုပ် ဧ (၁)အုပ်ချင်းဝယ်လျှင် (၃၀၀၀ိ/-)ကျပ်
ကျသင့်သော်လည်း } (၆)အုပ်ပေါင်းကို အလှူဈေး (အရင်းဈေး)
(၂၀၀၀ိ/-)ကျပ်ဖြငိ့ ပညာဗိမာန်စာအုပ်တိုက်မှာ ရရှိနိုင်ပါသည်။
ဗုဒ္ဓနှစ် (၂၆၀၀)ပြည့် ကြိုတင်ပူဇော်ပွဲ
အထိမ်းအမှတ် Seen Question ကြိုတင်သိပြီး မေးခွန်းဖြေ လျှောက်လွှာပုံစံ
၁။ အမည် - မောင်/မ ----------------
၂။ အသက်(မှတ်ပုံတင်ပါ မွေးသက္ကရာဇ်) - ------------------
၃။ မှတ်ပုံတင်အမှတ် (၁၂နှစ်၊ ၁၈ပြည့်) - ----------------
၎။ ပညာအရည်အချင်း-(ဥပမာ) ၈တန်း (Grade-9) ဖြေ B.Sc(Maths) (2nd
year) -------ဘွဲ့ရ ---------၊ ဂုဏ်ထူး၊ ထူးချွန်လျှင်ဖော်ပြပါ------
၅။ နေရပ်လိပ်စာအပြည့်အစုံ - (မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်)အထိ
တိကျစွာဖော်ပြရန်---
၆။ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ - (မိမိနေထိုင်သော လိပ်စာသည်
ဆက်သွယ်ရန်ခက်ခဲပါက
လွယ်ကူသော)(စာတိုက်မှပို့လျှင်ရနိုင်သည့်လိပ်စာအပြည့်အစုံ
၇။ ဆက်သွယ်ရန်ဖုန်း - (တိုက်ရိုက်/တစ်ဆင့်ဖော်ပြရန်) ကြိုးဖုန်း၊
ဟန်းဖုန်းအားလုံးဖော်ပြရန်
၈။ အလုပ်အကိုင် - (ကျောင်းပြီးလျှင်၊
ကျောင်းမနေတော့လျှင်)တိကျစွာဖော်ပြရန်
၉။ ဖခင်အမည်နှင့် အလုပ်အကိုင် - ---------------(ရာထူး/နေရာ/ဌာန
အပြည့်အစုံ)
၁၀။ မိခင်အမည်နှင့် အလုပ်အကိုင် - ---------------(ရာထူး/နေရာ/ဌာန
အပြည့်အစုံ)
၁၁။ အိမ်ထောင်ရှိ/မရှိ(ရှိလျှင်)အမည်နှင့်အလုပ်အကိုင်-
--------(ရာထူး/နေရာ/ဌာန အပြည့်အစုံ)
၁၂။ လူမျိုး/ကိုးကွယ်သည့်ဘာသာ - ---------------------
၁၃။ ပြုခဲ့ဖူးသည့်ဒါန -
(မိဘများနှင့်အတူ/ကိုယ်တိုင်ဦးစီးသည့်အလှူ/-----------)
၁၄။ ဆောက်တည်ခဲ့ဖူးသည့်သီလ - (၀ါတွင်းဥပုသ်၊ ၀ါပဥပုသ်)
------အသက်အရွယ်မှစ၍(၄)ပါး၊ (၅)ပါးသီလ ------(၈)ပါး၊ (၉) ပါး၊
------------
၁၅။ ပြုခဲ့ဖူးသည့် သမထ/ဘာဝနာ -
ဂုဏ်တော်(၉)ပါး၊ပဋ္ဌာန်း(၂၄)ပစ္စည်း၊သမ္ဗုဒ္ဓေဂါထာ၊----စသည့် ပုတီးစိပ်၊
---(နှလုံးသွင်း၊ အနက်အဓိပ္ပာယ်ပါ/မပါ----စသည်)
၁၆။ မိမိဝင်ခဲ့ဖူးသည့်တရားစခန်း - လယ်တီ၊ စွန်းလွန်း၊ မဟာစည်၊
မိုးကုတ်၊ -----စသည် (၃)ရက်၊ -----(၇)ရက်၊ ------(၁)လ၊ -----
၁၇။ တရားစခန်းဝင်ခဲ့ဖူးသည့်အကြိမ်ရေ - အကျဉ်းချုပ်နှင့် တရားအတွေ့အကြုံ
အကျဉ်းချုပ်(ဗလာစာမျက်နှာ တစ်မျက်နှာထက် မပိုရ)
၁၈။ ဒါန၊သီလ၊သမထ၊၀ိပဿနာ ဘာဝနာကို မည်သည့် "သံဝေဂ"ရ၍ လှူဒါန်း၊
ကျင့်ကြံအားထုတ် ကြောင်း (၁၀) ကြောင်းခန့်ရေးရန်။
၁၉။ မိမိလေ့လာဖတ်ခဲ့ဖူးသောတရားစာအုပ်များ-
(ဘာကြောင့်ကြိုက်နှစ်သက်ရသလဲ၊ ဗလာ(၁)မျက်နှာခန့် အတိုချုံ့ပြီးရေးပါ)
၂၀။ အထက်ပါအချက်အလက်အားလုံးသည် အပိုအလိုမရှိ တိကျမှန်ကန်စွာ
ရေးသားဖြည့်စွက်ပါကြောင်း ၀န်ခံကတိသစ္စာပြုပါကြောင်း
လက်မှတ်ရေးထိုးရပါမည်။ (မိဘ/အုပ်ထိန်းသူ/ ဆရာတော်/-----မှ
ထောက်ခံချက်ပေးပါရန်)
* (ဤမူရင်းစာရွက် မလိုပါ၊
ကြိုက်နှစ်သက်ရာ စာရွက်ဖြင့် ပုံစံဖြည့်ပြီး
စာရွက်တစ်မျက်နှာနှုန်းဖြင့် (စာမျက်နှာ နှစ်ဖက်လုံး မရေးဘဲ)
ဖြေဆိုနိုင်ပါသည်။
* Internet မှပို့လျှင် မြန်မာစာဖြင့်သာပို့ရန်၊ စာတိုက်မှပို့လျှင်
(၁၈-၃-၂၀၁၁)နောက်ဆုံးရောက်ရန် လိုအပ်ပါသည်။ ပို၍သေချာစေလိုလျှင်
ကိုယ်တိုင်(လူကြုံဖြစ်စေ) ပညာဗိမာန် စာအုပ်တိုက်သို့ အချိန်မှီ
ပေးပို့နိုင်ပါသည်။

|