|
|
||||||||||||||||||||||
|
လူဖြစ် ကျိုးနပ်ဖို့သောတာ ပန်သို့
အလှူတကာ့ အလှူ မှာ
" လူဖြစ်ကျိုးနပ်ဖို့ " အမှာစာ
ပညာရေး၊ စီးပွားရေး၊ ကြီးပွားချမ်းသာရေး၊ အိမ်ထောင်ချမ်းမြေ့ သာယာရေး .
. . စသည့် သုခ၊ ဒုက္ခ မျိုးစုံတို့နှင့် လုံးချာလည်နေသူများ
လူဖြစ်ကျိုးနပ်ဖို့ မိမိနှင့်သင့်လျော်သော တရားစခန်းမှာ တစ်ပတ်( ၇
)ရက်၊ (၉) ရက်၊ (၁၀)ရက်၊ (၁)လစသည်ဖြင့် ၀င်ဖြစ်အောင် ၀င်ကြည့်ရပါမည်။
မာတိကာ
ပုထုဇဉ်တို့၏ သွားရာလမ်း လူပုဂ္ဂိုလ်တို့၏ ငွေကြေး ဓန ၊အာဏာ ------ချမ်းသာမှု တို့သည် တရားကျစရာကောင်းလှ၏။ ဘယ်လောက်ပင် ဆင်းရဲနိမ့်လျှော ကျသွားပါစေ၊ "သောတာပန်" တို့မည်သည် စိတ်မဆင်းရဲ၊ စိတ်ဓာတ်မကျပေ။ ဘ၀အလှည့် အပြောင်းဒဏ်ကို ခံနိုင်၏။ "လောကဓံရှစ်ပါး" ဒဏ်ကို မကြောက်မရွံ့ပေ။ "သောတာပန်" မဖြစ်သေးသူသည် "လောကဓံတရား" ၏ အလှည့်အပြောင်းဒဏ် ကို မခံနိုင်ပေ။ လက်မြှောက်အရှုံးပေးကာ လောဘဖြင့်ဖြစ်စေ၊ ဒေါသဖြင့်ဖြစ်စေ၊ မောဟဖြင့်ဖြစ်စေ သေသွားကြရ၏။ လိုချင်တပ်မက်မှု (လောဘ) ဖြင့် သေသွားလျှင် ပြိတ္တာဖြစ်ရရှာ၏။ မကျေနပ်မူများစွာ (ဒေါသ) ဖြင့် သေသွားပါက ငရဲကျရရှာ၏။ မသိနားမလည်မှု ၊ တွေဝေမှု၊ ကမ္ဘာလောကတစ်ခုလုံးရှိ သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းထားသည့် ရုပ် နာမ် တို့ကို ခွဲခြားမသိဘဲ "ပညတ် ပရမတ်" တို့ကို ခွဲခြားမသိဘဲ (မောဟ)ဖြင့် သေသွားပါက တိရစ္ဆာန် ဖြစ်သွားရရှာဦးမည်။ အယူ လွဲမှားသော ထောင်လွှားမောက်မာခြင်း (တလွဲမာန) ကြောင့် အသူရကာယ် ဖြစ်ကြရ၏။ လိပ်ကန်းဥပမာ ထို့ကဲ့သို့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ၊ အသူရကာယ် ကျသွားပြီဆိုလျှင် သုဂတိဘုံကို ပြန်ရောက်ဖို့ ခဲယဉ်းတော့၏။ မြတ်စွာဘုရားရှင် ဟောကြားတော်မူ သော "ကာဏကစ္ဆပေါပမသုတ်" (လိပ်ကန်းဥပမာ)အရ ငရဲကျပြီးလျှင် သုဂတိဘုံ ပြန်ရောက်ဖို့ ဖြစ်နိုင်စွမ်း အလွန့်အလွန် ခဲယဉ်းလှ၏။ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သွားချင်ရာသွားနေသော လိပ်ကန်းကြီးတစ်ကောင်သည် ပင်လယ်ရေမျက်နှာ ပြင်ပေါ်သို့ နှစ်တစ်ရာကြာမှသာ တစ်ကြိမ်ပေါ်၏။ ထိုလိပ်ကန်းကြီး စွပ်နိုင်ရုံ လောက်သာ ကျဲလွန်းသည့် လှည်းထမ်းပိုးတစ်ခုကလည်း ပင်လယ်သမုဒ္ဒရာကြီးမှာ မျောချင်ရာမျောနေ၏။ ပေ (၁၀၀) ပတ်လည်မှာ စွပ်မိဖို့ပင် အလွန်ခဲယဉ်းဦးမည်။ သမုဒ္ဒရာရေမျက်နှာပြင် ဧရိယာစတုရန်းကီလိုမီတာ (အနီးဆုံး) ဘီလီယံပေါင်း (၃)သိန်းကျော် (357,712,790,162,121sq-km) စတုရန်းမိုင်ပေါင်း 138,119,516,355,419 ( စတုရန်းမိုင်ပေါင်း ဘီလီယံပေါင်း တစ်သိန်းကျော်) _ (၅၂၈၀ x ၅၂၈၀စတုရန်းပေ) အကျယ်မှာ လိပ်ကန်းကြီး၏ ဦးခေါင်းနှင့် ထမ်းပိုးအပေါက် စွပ်မိဖို့ အဘယ်မျှအထိ ခက်ခဲမည်နည်း။ ဖြစ်နိုင်စွမ်း (possible) အလွန်နည်း၏။ သုဂတိဘုံသို့ ရောက်နိုင်သူနှင့် အပါယ်(၄)ဘုံ ပြန်ကျ နိုင်သူအချိုး (အနီးဆုံး) = ၁း ဘီလီယံပေါင်း လေးကုဋေနီးပါး ရှိ၏။ (1:40,000,000,000,000,000) ဆိုလိုသည်မှာ အပါယ်ငရဲကျပြီးပြီဆိုလျှင် သုဂတိဘုံသို့ ပြန်လည်ရောက်နိုင်ဖို့ အလွန်ခဲယဉ်းကြောင်း သင်္ချာကိန်းဂဏန်းဖြင့် နားမလည်နိုင်သေးသော (လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က) ပရိသတ်အား မြတ်စွာဘုရားရှင်က မြင်သာအောင် ဟောကြားတော်မူခဲ့၏။ လက်သည်းခံွံသုတ္တန် သုဂတိဘုံ (လူ့ဘုံ၊ နတ်ဘုံ၊
ဗြဟ္မာဘုံ) ရောက်လာပြီဆိုလျှင်လည်း ငရဲပြည်မကျဖို့ အလွန့်အလွန်
ခဲယဉ်းပြန်၏။ လူ့ဘုံရောက်လာပြန်၍ စားဝတ် နေရေး၊ ချစ်ရေးအတွက်သာ
လုံးပမ်းနေရင်း သေသွားလျှင် လောဘ၊ဒေါသ၊ မောဟ၊ မာနမကင်းကြဘဲ
အပါယ်ငရဲ ကျသွားသူတွေကသာ များလှ၏။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေကို
လျော့ပါးအောင် "၀ိပဿနာ" တရားကျင့်ကြံနိုင် သူများသာ သုဂတိဘုံသို့
ပြန်လည်ရောက်ရှိကြရ၏။ ဘယ်လောက်ထိ များသလဲ ဆိုလျှင်
မြတ်စွာဘုရားရှင်က "နခသိခ" (လက်သည်းခွံ) သုတ္တန်မှာ ယခုလို
ဟောပြောခဲ့၏။ လူ့ဘုံ (သုဂတိဘုံ) ရောက်လာသူထဲမှ လက်သည်းခွံပေါ်မှာ
တင်ကျန်ရစ်သည့် မြေမှုန့်ပမာဏသာ သုဂတိဘုံသို့ ပြန်ရောက်ကြရ၏။
ကမ္ဘာမြေကြီးပေါ်ရှိ မြေမှုန့်ပမာဏ အားလုံးကတော့ အပါယ်ငရဲသို့သာ
ကျကြရသည်ဟု ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါသည်။ တရားအားထုတ်သူအတွက် အင်္ဂါ ၅-ပါး
၁။ ယုံကြည်မှု (သဒ္ဓါ ) တရားနှင့် ပြည့်စုံရပါမည်။ မဂ်တားဖိုလ်တား ကံကြီး(၅) ပါး ၁ ။ကမ္မန္တရာယ် ။-------။ အမိသတ်သူ ၊အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘုရားရှင်အားသွေးစိမ်းတည်စေသူ၊ သံဃာကိုသင်းခွဲသူစသည့် ပဉ္ခာနန္တရိယ ကံငါးပါး၊ ၂။ကိလေသန္တရာယ် ။------။ "ကောင်းမှု၊ မကောင်းမှုဟူသည်မရှိ၊ ထိုကောင်းမှု၊ မကောင်းမှုပြုလုပ်သော်လည်း အလကားပဲ "ဟု မြဲမြံစွာ ယူဆသော (၁) အကရိ ယိ ဒိဋ္ဌိ ။ "ကောင်းမှု မကောင်း မတှု၏ ကောင်းကျိုး၊ ဆိုးကျိုး မပေါ်နိုင်" ဟု မြဲမြံစွာ ယူဆသော (၂) နတ္ထိကဒိဋ္ဌိ ။ "ကောင်းကျိုး၊ဆိုးကျိုးဖြစ်ရန် ကောင်းမှု၊ မကောင်းမှုဟူသော ကံအကြောင်းမရှိ၊ အကြောင်းမရှိဘဲ အလိုလိုပင် ချမ်းသာကြ၊ ဆင်းရဲကြသည်" ဟု မြဲမြံစွာယူဆသော (၃) အဟေတုကဒိဋ္ဌိ ။ "ဤဒိဋ္ဌိကြီး(၃)မျိုး" သည် မစွန့်လွှတ်နိုင်အောင် မြဲမြံစွာဖြစ်လျှင် သေသည်နှင့် အပါယ်ငရဲသို့ ဧကန် ရောက် စေတတ်သောကြောင့် "နိယတမိစ္ဆာဒိဋ္ဌိ "မည်၏။ ဤဒိဋ္ဌိ (၃)မျိုးတွင် ပထမဒိဋ္ဌိဖြင့် အကြောင်းကိုပယ်၏။ (အကြောင်းကိုပယ်လျှင် အကျိုးကိုလည်း ပယ်ရာရောက်၏။) ဒုတိယဒိဋ္ဌိဖြင့် အကျိုးကိုပယ်၏ (အကျိုးပယ်ခြင်းသည်လည်း အကြောင်းကို ပယ်ရာရောက်၏။ ) တတိယဒိဋ္ဌိဖြင့် အကြောင်းအကျိုး (၂)ပါးလုံးကို ပယ်၏။ ခန္ဓာငါးပါးကို ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟု အယူစွဲသည့် သက္ကာယဒိဋ္ဌိ ။ ဒီဘ၀ရုပ်၊နာမ်တို့သည် နောင်ဘ၀ကို ပြောင်းသွားသည်ဟု အယူမှားသော သဿတဒိဋ္ဌိ ။ သတ္တ၀ါတို့သည် ဒီဘ၀မှာပင်သေလျှင် ပြတ်သည်၊ နောက်ဘ၀မရှိဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ ။ ၃။ ၀ိပိပိပါကန္တ္တရာယ် ။-------။ နပုံး၊ ပဏ္ဍုက် ဥဘတောဗျဉ်းနှင့်ဒွိဟိတ် ပုဂ္ဂိုလ်များ။ ၄ ။အရိယူပ၀ါဒန္တ္တရာယ် ။-------။ အရိယာအားသိလျက် သို့မဟုတ် မသိဘဲ စွပ်စွဲ ဆဲရေးကဲ့ရဲ့ပြစ်မှားသူ (တောင်းပန်က ကျေနိုင်ပါသည်။) ၅ ။အာဏာဝီတိကိကိက္ကမန္တ္တရာယ် ။-------။ ၀ိနည်းသိက္ခာပုဒ်ကို ကျူးလွန်သော ရဟန်း၊ ပါရာဇိက ၊၊ သဃာံဒသိသ၊် ထုလ္လစ္စဉ်း ၊ ပါစိတ် ၊ ပါဋိဒေသနီ ၊ ဒက္ကဋ ၊ ဒု ဗ္ဘာသီဟူသော အာပတ် (၇)ပုံ အနက် အသေးဆုံး ဒုဗ္ဘာသီအာပတ်ရှိလျှင်ပင် ဈာန်မဂ်ဖိုလ်ကို မရနိုင်ပါ။ ပါရာဇိကိကအာပတ်သည် ကုစား၍မရနိုင်၊ ကျန်အာပတ်များသည် ကုစား၍ရပါသည်။ ၎င်းတို့သည် တရားအားထုတ်မည့်သူ သိရှိထားရမည့် အင်္ဂါတွေနှင့် မဂ်ဖိုလ် အန္တရာယ်တွေ ဖြစ်ပါသည်။ သောတာပန်ချမ်းသာ
( သောတပတ္တိမဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်အကြောင်းကို လယ်တီဆရာတော် ဘုရားကြီး၏ ကမ္မဋ္ဌာန်းကျမ်းကြီးမှ ကောက်နုတ်တင်ပြပါမည်။ )
ဗုဒ္ဓသာသနာနှစ် ( ၅၀၀၀) ကျော်လွန်သွားလျှင်
လြူ့ပည်၊ နတ်ပြည် ------ တို့မှာ ဂေါတမမြတ်စွာဘုရားရှင်၏ ဗုဒ္ဓသာသနာတော်
ကွယ်ပျောက်သွားနိုင်သည်။ သို့လင့်ကစား သောတာပန် ဖြစ်ပြီးသူ လူ၊ နတ်၊
ဗြဟ္မာတို့မှာက ဘ၀အဆက်ဆက်
ကမ္ဘာအဆက်ဆက် ( ၇ )ဘ၀အထိ ကျင်လည်နေသမျှ အနမတဂ္ဂ
ကြီးကျယ်လှသော နိဗ္ဗာန်ချမ်းသာကြီးကို အစဉ် စံစားနေကြရ၏။ ပရိနိဗ္ဗာန်စံဝင်ရာ ဘ၀တိုင်အောင် သာသနာပ ဘ၀၊သာသနာပ ကမ္ဘာ ဟူ၍ သောတာပန်ပုဂ္ဂိုလ်မှာ
မရှိကြကုန်တော့ပေ။ မိမိတို့ရပြီး ရောက်ပြီး နိဗ္ဗာန်ကြီး၏အတွင်းမှာ
ဘ၀များစွာ ကမ္ဘာအဆက်ဆက် မထွက်ကြရတော့ပေ။ ထနိဗ္ဗာန်ကြီး၏ အတွင်း၌တည်၍
အလိုရှိရာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာတို့ကို ခံစား၊
စံစားကြကုန်ပြီးမှ အားရကြသောအခါမှ ခန္ဓာကို စွန့်ပစ်ကြကုန်လေ၏။ (
"အဘိသမယ သံယုတ်ပါဠိတော်ကြီး" အရဖြစ်ပါသည်။)
|
|
|||||||||||||||||||||||